အခန်း ၅၄

176 27 0
                                    


အခန်း ၅၄

"မင်း တကယ်ပဲလား?" ထိုလူက ဖုရိကျယ် ဆီသို့ လှမ်းလာပြီး ပြုံးကာ "မင်းငါ့ကို မမှတ်မိဘူးလား?"

"မင်းက..." သူ့ရှေ့ကလူကိုကြည့်လိုက်တော့ ဖုရိကျယ်အရမ်းရင်းနှီးတဲ့ ခံစားချက်တစ်ခုကို ခံစားရနေသည်၊ ထိုသူ့အပြုံးကိုမြင်တော့ ဖုရိကျယ် အမှတ်ရနေတဲ့အတိတ်ကနေ ရုတ်တရက်မှတ်မိသွားပြီး အံ့သြစွာ စိုက်ကြည့်ကာ "ကျန်းဆုန်း?"

"ဟုတ်တယ်" ကျန်းဆုန်းက ဝမ်းသာအားရ ပြုံးပြီး "တကယ်... လုံးဝ မမျှော်လင့်ထားဘူး"

ဖုရိကျယ်က ကျန်းဆုန်းကို သူ့နှလုံးသားထဲတွင် ဖော်မပြတတ်သော ခံစားချက်များဖြင့် ကြည့်နေသည်။

မူလတန်းကျောင်းတစ်ကျောင်းလုံးမှာ သူ့အခင်ဆုံးသူငယ်ချင်း ကျောင်းကနေ အတူတူ အိမ်ပြန်ကြပြီး လမ်းတစ်လျှောက်က မုန့်ဆိုင်တွေမှာ အတူတူစား၊ အတူတူ စကားစမြည်ပြောပြီး အတူတူအလုပ်လုပ်ခဲ့...

ပြီးတော့ တစ်ချိန်က သူ့ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး အပြစ်ရှိတယ်လို့ ခံစားစေခဲ့သူဖြစ်သည်။

ကျန်းဆုန်း အခြားကျောင်းကို ပြောင်းပြီးနောက် ဖုရိကျယ် အထက်တန်းကျောင်းအထိ ထိုကဲ့သို့သော သူငယ်ချင်းမျိုး တစ်ခါမှ မရှိခဲ့တော့ပေ။

ကျန်းဆုန်းကို ဒီဘဝမှာ ဘယ်တော့မှ ပြန်တွေ့ခွင့်မရတော့ဘူးလို့ သူထင်ခဲ့ပေမယ့် အိပ်ဆောင်မှာ ဒီလိုမျိုး သူနဲ့တွေ့ဖို့ မမျှော်လင့်ထားခဲ့ဘူး။

"ထမင်းသွားစားမလား" ကျန်းဆုန်း က အိပ်ယာပြင်ပြီးတာနဲ့ "ငါလာတုန်းက အိပ်ဆောင်ကလူတိုင်း ထမင်းသွားစားကြတယ်"

"ကောင်းပြီ ကန်တင်းမှာ သွားစားမလား" ဖုရိကျယ် က မေးလိုက်သည်။

"မသွားနဲ့" ကျန်းဆုန်းက ရယ်ပြီး "ကန်တင်းက အရမ်းပျင်းဖို့ကောင်းတယ်၊ အပြင်ထွက် စားရအောင်။ ငါ မင်းကို ဖိတ်ပါတယ် "

"ကောင်းပြီ" ဖုရိကျယ်နှင့် ကျန်းဆုန်း အိပ်ဆောင်မှ ထွက်လာခဲ့ကြပြီး ကျန်းဆုန်း၏ စကားသံများကြောင့် မူလတန်းကျောင်းကို ပြန်သွားသလို ခံစားလာရသည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now