အခန်း ၄၅

130 26 0
                                    

ဖုရိကျယ်နဲ့ လူချွမ်းရှောင် လမ်းခွဲပြီးတဲ့နောက် ဖုခွင်း အများကြီးစိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရပြီး သူ့ကိုယ်သူ အနားပေးရန်အတွက် ဆိုင်ကို ပိတ်ရက်ထက် အနည်းငယ်ကြိုပိတ်လိုက်သည်။

နှစ်သစ်ကူးရောက်တော့ သူတစ်အိမ်လုံးအတွက် ပစ္စည်းအမြောက်အများ ဝယ်ပေးခဲ့ပြီး အိမ်ပြောင်းတုန်းက မပြောင်းနိုင်ခဲ့တဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံးကို ပြောင်းလဲပေးလိုက်သည်၊ လောင်မားတစ်ယောက် ရေခဲသေတ္တာကို စွန့်ပစ်ဖို့ရာ သုံးဘီးပေါ် ဆွဲတင်သွားတော့ ဝမ်းနည်းနေသလို ဝန်ရံတာကနေ ရပ်ကြည့်နေပြီး သူမရဲ့ အစိမ်းရောင် နှင်းပွင့် ရေခဲသေတ္တာကို လိုက်နူတ်ဆက်နေလေရဲ့

"အကောင်းကြီး ရှိသေးတာကို" လောင်မားက ပြောလိုက်သည်၊ "မင်းလည်း သူဌေးဖြစ်ပြီး ပြန်လာတာ ကြနေတာပဲ၊ သုံးဖြုန်းနေလိုက်တာ"

"ညတိုင်း သူအလုပ်လုပ်လို့ အသံမြည်တာကြီးက မီးစက်ထမောင်းနေတဲ့အတိုင်းပဲ တိုက်အောက်ကနေတောင် ကြားနေရတဲ့ကိစ္စကို၊ ရိကျယ်အာတောင် ညနက်သန်းခေါင်ကြီး ထပြီး သူ့ကို ပလပ်လာဖြုတ်ပေးရတာ ဘယ်နှစ်ခါလောက်ရှိနေပြီလဲ" ဖုခွင်း လောင်မား ပုခုံးကိုဖတ်ပြီး ဘဏ်ကတ်တစ်ကတ်ကို သူမလက်ထဲထည့်ပေးလိုက်ကာ "မား၊ ဒီပိုက်ဆံကို မားယူထားလိုက်၊ ကျန်တဲ့ပိုက်ဆံတွေအားလုံးကို ငါတို့ဒီနှစ်ထဲ အပြီးဆပ်လိုက်ရအောင်"

"မင်းအတွက်သာ ချန်ထားစမ်းပါ၊ ဒီလောက်အဆင့်မြင့်တဲ့ကတ်ကို ငါလည်း မသုံးတတ်ဘူး" လောင်မားက သူ့လက်ကို ရိုက်လိုက်ပြီး "မင်း ပိုက်ဆံရှာရတာလဲ လွယ်တာမှမဟုတ်တာ၊ သိမ်းထားလိုက်၊ မင်းလုပ်ငန်းကို ထပ်မချဲ့တော့ဘူးလား?'

"စိတ်မပူပါနဲ့၊ သား မားကို အားလုံးပေးလိုက်တာ မဟုတ်ပါဘူး" ဖုခွင်းက ရယ်လိုက်သည်

ဒီနှစ်စီးပွားရေးက တကယ်မဆိုးဘူး၊ဒါပေမယ့် နောက်နှစ်မှာ ဈေးက ကြီးကြီးမားမား ပြောင်းလဲမှုတွေ ပြုလုပ်မှာဖြစ်ပြီး လမ်းဘေးမှာရောင်းနေတဲ့ ဆိုင်တွေအကုန်လုံး ဈေးကြီးအတွင်းမှာ ထားရှိတော့မှာဖြစ်ပြီး ငှားရမ်းခနဲ့ သန့်ရှင်းရေးလခတွေက နည်းမှာ မဟုတ်ဘူး၊ နှစ်သစ်ကူးပြီးတာနဲ့ စတင်လုပ်ဆောင်တော့မှာဖြစ်လို့ အိမ်အတွက်နဲ့ ဖုရိကျယ်အတွက်တွေးပြီး စုထားတဲ့ငွေတွေအပြင် ဖုခွင်း သူ့အတွက်ပါ နည်းနည်း ဖယ်ထားခဲ့သည်

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now