အခန်း ၇၁

130 28 0
                                    

အခန်း ၇၁

ဖုရိကျယ်ရဲ့လက်သည် ဖုခွင်း၏ နောက်ကျောကို အားပါပါဖြင့် ဖိထားသည်။ ဖုခွင်းက ရှေ့သို့ တွန်းသွားပြီး တင်းတင်းကျပ်ကျပ် ကိုင်ထားသည့် လက်ကိုင်ကို ဆီတိုင်ကီကို မှီရန် လက်ကို ဖြေလျော့ထားကာ ဖုရိကျယ် နောက်ကနေ တွန်းပြီး ကလိနေတာကို ခွင့်ပြုထားရသည်။

"ရိကျယ်အာ..." ဖုခွင်း အံကြိတ်ကာ အော်လိုက်သည်၊ ဖုရိကျယ်က သူ့ဘောင်းဘီမျှော့ရှိရာကို လှမ်းနေသဖြင့် သူလက်ကို ဆွဲထုတ်လိုက်သော်လည်း သူ့ကျောပေါ်ရှိ နူးညံ့စိုစွတ်သော အထိအတွေ့ကိုတော့ ခံစားလိုက်ရသည်၊ ဖုရိကျယ်ရဲ့ လျှာဖျားက သူ့ကျောကို အပေါ်အောက် ဖြည်းဖြည်းချင်း လျှက်နေသည်။

သူရုတ်တရက် သူ့တစ်ကိုယ်လုံး ထုံကျင်သွားပြီး ခန္ဓာကိုယ်ထဲက အပူလှိုင်းတွေက တစ်ကိုယ်လုံးကို ဖြည်းညှင်းစွာ ပျံ့နှံ့သွားသည်။ ဖုရိကျယ်ရဲ့ လျှာက သူ့ပခုံးတွေကို ပွတ်လိုက်တဲ့အခါ ချွေးတွေထွက်နေပြီ။

"ဖုရိကျယ် !" ဖုခွင်းက နောက်ပြန်လှည့်ပြီး ဖုရိကျယ် ရဲ့ ပခုံးကို သူ့လက်နဲ့တွန်းပြီး သူ့ကို မကပ်နိုင်ဖို့ ကြိုးစားတော့ ဖုရိကျယ်က သူ့ကျောကို နမ်းတာ ရပ်သွားပြီး သူ့လက်က လှုပ်ရှားလာပြန်သည်။

ဖုရိကျယ်ရဲ့လက်က သူ့ခါးပေါ်တွင် ရှိနေပြီး လက်ဖဝါးမှ ပူလောင်သော အပူချိန်က သူ့ခန္ဓာကိုယ်ရှိ ပူနွေးလာမှုနှင့် လိုက်ဖက်ကာ သူ့ကျောကို ပွတ်လိုက် ဆုပ်နယ်လိုက်လုပ်နေပြီး ခံစားချက်ကို သူ ဖော်မပြနိုင်တော့ပေ။

ဖုခွင်းရဲ့စိတ်ထဲတွင် အသိစိတ်ကပ်ကာ ရပ်လိုက်လို့ပဲ အော်လိုက်ရမလား ဒါမှမဟုတ် စိတ်ပါလက်ပါဖြစ်နေတဲ့ ခန္ဓာကိုယ်နှင့် ဖုရိကျယ်ရဲ့ ကိုင်တွယ်ပွတ်သပ်မှုတို့ ကြောင့် သူဆိုင်ကယ်ပေါ်ကဆင်းကာ ထွက်သွားရမလားကြားတွင် သူ အပြန်ပြန်အလှန်လှန် ရုန်းကန်ခဲ့ရသည်။

မလှုပ်ပဲ ထိုင်နေပြန်ရင်လည်း ငလူးမသားက အခွင့်အရေး ယူဦးမယ်..။

သူ့ခန္ဓာကိုယ်ကို ခဏလောက် စိတ်အားထက်သန်စွာ ပွတ်သပ်ပွတ်သပ်ပေးပြီးနောက်၊ ဖုရိကျယ်ရဲ့ လက် သည် သူ့ဘောင်းဘီခါးကို ထပ်မံရောက်ရှိသွားပြီး၊ ဤတစ်ကြိမ်တွင် ရပ်တန့်မနေတော့ဘဲ သူ တိုက်ရိုက်ငုံ့ကြည့်လိုက်သည်။

Zawgyi Ver ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Where stories live. Discover now