ပန်းချီကားများစွာဖြင့် ပုံဖော်ဖန်တီးထားတဲ့ restaurantတခုထဲ
လာရောက် ချိန်းတွေ့နေသူနှစ်ဦးက အပြုံးချင်းဖလှယ်လျှက်ပင် ဖြည်းညင်းစွာပျံ့လွင့်လာတဲ့ သီချင်းသံစဥ်လေးတွေကလဲ ထိုလူနှစ်ဦးအတွက် ကြည်နူးဖွယ်ရာဖြစ်နေသည်
လွန်းကတော့ ပေါ့ပေါ့ပါးပါး မိုးပြာရောင်T-shirtလေးနဲ့ Jeanအညိုရောင်လေးကို၀တ်ဆင်ထားပေမဲ့ စတိုင်ထုတ်လွန်းတဲ့တယောက်သောသူကတော့အနောက်တိုင်းsuitကို၀တ်ဆင်ကာ အထက်တန်းလွှာကျကျပင်..." အကို Samတို့ကောမလာသေးဘူးလားဟင်"
" အချစ်ပြောရင်အသက်ရှည်ကုန်အုံးမယ် ဟိုမှာလာနေပီ "
မလှမ်းမကမ်းကနေ လက်ချင်းချိတ်ကာ၀င်ရောက်လာတဲ့ Samတို့အတွဲကို ဟန်နရီမျက်မှောင်ကျုံ့ကာသေချာစိုက်ကြည့်လိုက်သည် အဖြူရောင် shirtလေးကိုဆင်တူ၀တ်ဆင်ထားတာကြောင့် ဟန်နရီစိတ်တွေကဘ၀င်မကျ...ဆရာထက်တပည့်က လက်စောင်းထက်နေတာလား
" စောင့်ရတာကြာသွားပီလား Boss "
" တော်တော်ကြာနေပီ မှာထားတဲ့အစားအသောက်တွေတောင် အေးကုန်ပီ "
စကားဘုကလန့်ပြောလိုက်တဲ့ဟန်နရီရဲ့လက်ကို လွန်းကလှမ်းဆိတ်ကာ မျက်လုံးပြူးပြလိုက်သည်
" မကြာသေးပါဘူး အကိုSamရဲ့ သူကတမင်သပ်သပ်ပြောနေတာ "
" အကိုသိပါတယ် လွန်းရယ် Bossကအရမ်းဇီဇာကြောင်တာလေ "
သူ့ကိုတမင်သပ်သပ်ဖဲ့နေတဲ့ Samကြောင့် ဟန်နရီမျက်နှာကြီးဆူပုတ်ကာ သူ့အရှေ့က ကြေးအိုးပန်းကန်ကိုလှမ်းယူလိုက်သည်
ကြေးအိုးထဲက ငါးအသားလုံးတွေကို ဟန်နရီကတူနဲ့အကုန်ဖယ်ထုတ်လိုက်ပီး မာန်ဟိန်းရဲ့ပန်းကန်ထဲထည့်ပေးလိုက်သည်
ဟန်နရီရဲ့အပြုအမူကြောင့် မာန်ဟိန်းကတော့မျက်လုံးလေးပြူးကာ ဟန်နရီကိုပြန်ကြည့်လိုက်သည်" ဘာကြောင်ကြည့်နေတာလဲ ခင်ဗျားကအဲ့အလုံးတွေသိပ်ကြိုက်နေတာမှတ်လား အဲ့တာကြောင့်ထည့်ပေးလိုက်တာ လွန်းကငါးမစားဘူး "
" ဟန်နရီ "
" ဘာလဲ "
" ငါမင်းထက်အကြီးနော် ငါ့ကိုရွယ်တူလိုလာမဆက်ဆံနဲ့ "