Ch-27(Uni/Zg)

51.6K 3.3K 1.4K
                                    

" အချစ်ရေ ကိုခြံထဲမှာခဏသွားထိုင်လိုက်အုံးမယ်နော် "

" ဟော အပြင်မှာမိုးဖွားလေးတွေကျနေတယ်လေ အအေးပတ်ကုန်မယ် မသွားနဲ့ "

" ဒီလိုအချိန်ကိုပဲစောင့်နေတာ အဲ့တာမှ ကိုကဗျာတွေရေးဖို့အာရုံလန်းဆန်းနေမှာလေ "

" ကျတော်ကော ဘေးမှာအဖော်လာပြုပေးရအုံးမလား "

" အချစ် ကိုနဲ့၀ေး၀ေးမှာပဲနေပေးလို့ရမလား ဘာလို့ဆို ကိုရေးတဲ့ကဗျာတွေကို ကြိုသိနေမှာမလိုလားဘူး surpriseလုပ်မှာမို့လို့လေ အဟက် "

" ခင်ဗျားက ဘာကဗျာတွေရေးမလို့လဲ "

" အချစ်ကဗျာလေးတွေပါ အချစ်ကိုဘယ်လောက်ချစ်ကြောင်းကြိုက်ကြောင်းတွေပေါ့ "

ဒီလူက တခါတလေမှာလေကြီးလေကျယ်တွေလဲပြောတတ်ပါသေးတယ် ကဗျာတကြောင်းတောင် ဖြောင့်အောင်မရေးတတ်တဲ့သူက အချစ်ကဗျာတွေ ရေးဖွဲ့အုံးမှာတဲ့လား...ယုံချင်စရာတွေ

" ထားပါတော့ အကြာကြီးလဲမနေနဲ့နော် အအေးပတ်သွားလိမ့်မယ် ကျတော် အခုအုန်းနို့ခေါက်ဆွဲလေးချက်နေတာ အဲ့တာကျက်ရင် အကိုSamတို့အိမ်ကိုလဲ သွားပို့ပေးချင်သေးတာ "

" ကိုလိုက်ပို့ပေးပါ့မယ် ဟုတ်ပီလား "

" ပီးရော....အဲ့တာဆိုခင်ဗျားလဲ လုပ်စရာရှိတာသွားလုပ်တော့ ပြဿနာတွေတော့ရှာမလာနဲ့ "

" ဟုတ်ကဲ့ပါဗျ "

ကော်ဖီခွက်ကိိုင်ကာ ဘ၀င်လေဟပ်နေတဲ့ပုံစံနဲ့ထွက်သွားတဲ့ လူဆိုးကောင်ကြောင့် ရယ်မိပြန်တယ် ဘယ်လိုကဗျာတွေထွက်လာမလဲဆိုတာ ရင်ခုန်မိတာလဲပါတာပေါ့ ~~

တဖျောက်ဖျောက်ကျနေတဲ့ မိုးဖွားတွေကြားတိုး၀ေ့လာတဲ့ လေညင်းလေးကို မျက်လုံးမှိတ်ကာ ခံစားရင်း လက်ထဲက
ဖောင်တိန်လေးကိုအသင့်ပြင်လိုက်၏

အချိန်အားဖြင့် 15မိနစ်ကျော်သွားသော်လဲ ခေါင်းထဲဘာတခုမှထွက်မလာတာကြောင့် လူဆိုးကောင်ရဲ့စိတ်က ဘ၀င်မကျဖြစ်လာသည်။ ဒါမှမဟုတ် ထိုနေရာတွေမှာသူကပဲအားနည်းနေတာလား။

ခဏအကြာ သူ့ခြေထောက်အောက်မှ ယားစိစိဖြစ်လာတာကြောင့် ဟန်နရီသက်ပြင်းချကာ အောက်ကိုငုံ့ကြည့်လိုက်သည် ။

HANARY(S1+S2) Where stories live. Discover now