Extra-1

57.8K 3.1K 1K
                                    

ဒီနေ့တော့ မနက်အစောထဲက အိပ်ယာထကာ အလုပ်တွေလုပ်နေရတာကြောင့် ဟန်နရီအတွက်သိပ်ဘမ၀င်ကျတဲ့ပုံပါပဲ အိပ်ရေးလဲမ၀သေးတာကြောင့် မျက်လုံးတွေက မှေးစက်စက်...

" အာ ဘယ်လိုကြီး၀တ်ထားတာလဲ အဲ့ဘောင်းဘီတိုအစား ပုဆိုးလေးပြန်လဲထားလိုက်နော် ဖွားစီနဲ့ပထမဆုံးတွေ့ရမှာဆိုတော့ ခင်ဗျားအမှတ်တွေပိုယူသင့်တယ်မှတ်လား "

" သူက အချစ်ရဲ့အဖွားအရင်းလား "

" ဟုတ်တယ် မေကြီးရဲ့အမေလေ အဖွားကရွာမှာနေတာဆိုတော့ ကျတော်ငယ်ငယ်လေးတုန်းကပဲတွေ့ဖူးတာ နောက်ပီးဂေဟာကိုရောက်ပီး အသက်17နှစ်လောက်မှာလဲ တခါတွေ့ဖူးသေးတယ် အခုလဲအဖွားက မြို့မှာမျက်စိလာခွဲမှာဆိုတော့ ထပ်တွေ့ရအုံးမှာပေါ့ "

" ပြီးတော့ အဖွားအရှေ့မှာ လိမ်လိမ်မာမာနေရမယ်နော် စကားကိုလဲယဥ်ယဥ်ကျေးကျေးပြော အဖွားနာမည်က စီစီမြတ်တဲ့ ဖွားစီလို့ခေါ်ပေါ့ အဖွားက နည်းနည်းတော့ဇီဇာကြောင်တယ် ခင်ဗျားအတွက်အဆင်ပြေပါ့မလား "

" ပြေပါတယ်အချစ်ရဲ့ ကိုကလိမ္မာပါတယ်"

" ကိုကိုက လိမ္မာလိုက်တာ "

တီ   တီ......

" အရှေ့မှာ ကားသံကြားတယ် ဖွားစီလာပီထင်တယ် "

ကားသံကြားတာနဲ့ လွန်းကခြံရှေ့ကိုအမြန်ပြေးထွက်သွားသည် ဟန်နရီလဲအနောက်ကနေ ကပ်လိုက်ကာ taxiပေါ်ကအထုတ်အပိုးတွေကိုကူသယ်ပေးသည်

******

" ဖွားစီ ခရီးပန်းသွားပီလား "

" မပင်ပန်းပါဘူးမြေးရယ် ဖွားကကျန်းမာပါသေးတယ် "

" ဖွား...သူကလဲ ဖွားစီရဲ့မြေးပဲနော် ဟန်နရီဗစ်တာတဲ့ "

လွန်းရဲ့ဘေးမှာ ကျောက်ရုပ်တရုပ်လိုရပ်နေတဲ့ဟန်နရီကို ဖွားစီကခေါင်းစခြေဆုံးသေချာကြည့်ကာ အကဲခတ်နေသည်

ရုပ်တည်ကြီးနဲ့ကျတော့်ဘေးကို အတင်းလာကပ်နေတဲ့လူကြောင့် သက်ပြင်းချကာ မျက်လုံးပြူးပြရသေးတယ် ဘာပဲ ဖြစ်ဖြစ်အဖွားကို နှုတ်ဆက်သင့်တယ်မှတ်လား

" နှုတ်ဆက်လိိုက်အုံးလေ "

" ဖွား....ကျတော်ကဟန်နရီဗစ်တာပါဗျ "

HANARY(S1+S2) Where stories live. Discover now