Extra-3

59.5K 3.3K 1.1K
                                    

Skip Time

" Boss ဖုန်းလာနေတယ် "

အလုပ်တွေရှုပ်ရတဲ့အထဲ မရင်းနှီးတဲ့ဖုန်းနံပါတ်ကြောင့် ဟန်နရီပို၍စိတ်ရှုပ်သွားသည် သူ့ဖုန်းနံပါတ်ကို ရင်းနှီးတဲ့လူကလွဲပီး အခြားလူအသိခံတာမဟုတ်တဲ့အတွက် ထိုနံပါတ်စိမ်းက ဟန်နရီကိုပို၍သံသယဖြစ်စေသည်

" Hello "

" ခင်ဗျားရဲ့သားကို ကျုပ်တို့ပြန်ပေးဆွဲထားတယ် "

ထူးဆန်းတဲ့စကားကြောင့် ဖြောင့်တန်းနေတဲ့မျက်ခုံးတစုံက တွန့်ကွေးကာ တဖက်လူရဲ့စကားကို အာရုံစိုက်ကာနားထောင်လိုက်သည်

" ခင်ဗျားရဲ့သားကိုအသက်မဆုံးရှုံးချင်ရင် နာရီ၀က်အတွင်း သိန်း500ယူလာပီး ကျုပ်တို့ပြောတဲ့နေရာကိုလာခဲ့ "

သာမန်လူဆိုထိုနေရာတွင်ပင် ထိတ်လန့်နိုင်ပေမဲ့ ဟန်နရီကတော့ အေးဆေးတည်ငြိမ်စွာပဲ နားထောင်ကာ အံဆွဲထဲက သေနတ်ကိုဆွဲထုတ်လိုက်သည်

" မင်းတို့က ပြန်ပေးဆွဲတယ်သာပြောတာ ငါကဘာကိုကြည့်ပီးယုံရမှာလဲ တကယ်သာဆိုရင် ငါ့သားကိုဖုန်းပေးလိုက် ငါ့သားအသံကြားမှယုံမယ် "

တဖက်လူက ဖုန်းကို ကလေးလက်ထဲထည့်ပေးကာ ဖုန်းပြောခိုင်းလိုက်သည်

" ဒယ်ဒီ "

" တီတီး...အရမ်းကြောက်နေလား "

" မကြောက်ဘူး ဒယ်ဒီမြန်မြန်လာ "

" ဒယ်ဒီ အန်ကယ်လေးကိုခေါ်ပီးလာခဲ့မယ် တီတီးကို ဒယ်ဒီအမြဲမှာထားတဲ့စကားမမေ့နဲ့နော် "

" ဟုတ်ကဲ့ "

တဖက်လူက ကလေးလက်ထဲက ဖုန်းကိုဆွဲယူကာ ဟန်နရီနှင့်ဆက်ပြောလိုက်သည်

" ယုံပီလား! အဲ့တော့ခင်ဗျားသားကိုပြန်လိုချင်ရင် အမြန်ဆုံးလာခဲ့ "

" မင်းတို့လိုချင်တဲ့ပိုက်ဆံကိုယူလာမှာမို့လို့ ငါ့သားရဲ့အသားကိုတချက်တောင်မထိနဲ့ "

" ကောင်းပီလေ ခင်ဗျားကပြောရလွယ်သားပဲ "

တဖက်နဲ့ဖုန်းပြောပီးတာနဲ့ ဟန်နရီအေးဆေးတည်ငြိမ်စွာပဲ စားပွဲပေါ်က သေနတ်ကိုသေချာစစ်ဆေးကာ Samကိုလှမ်းကြည့်လိုက်သည်

HANARY(S1+S2) Where stories live. Discover now