အပိုင်း ဝ

88 5 0
                                    

တကယ်လို့ ကျွန်တော့်အချစ်က လူတစ်ယောက်ရဲ့ ရှင်သန်နေထိုင်မှုနဲ့ တူနေမယ်ဆိုရင်…
.
.
လေထုနဲ့ အသက်ရှုခြင်းဆိုတဲ့ အရာတွေက ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားတွေ အသက်ရှင်နေထိုင်နိုင်ဖို့ ကူညီပေးနေတဲ့ အရေးကြီးတဲ့အရာတွေထဲက တစ်ခုဘဲ...

လေထုထဲမှာတော့ များစွာသောဒြပ်စင်တွေ ပါဝင်နေတယ်။

ပြီးတော့ အောက်ဆီဂျင်ဆိုတာက အဲ့စနစ်ကြီးတစ်ခုလုံးမှာ ဒုတိယပါဝင်မှုအများဆုံး ဓာတ်ငွေ့ဒြပ်စင်တစ်ခု...

လူသားတွေက အောက်စီရဂျင်မရှိဘဲ အသက်မရှင်နိုင်…

ကျွန်တော့်အတွက်တော့ သူက 'အောက်စီဂျင်'လိုဘဲ

'မရှိမဖြစ်လိုအပ်တဲ့အရာပေါ့'

..._...

'Gui... ကိုးကိုးအအေးတစ်ခွက် သကြားနှစ်ခဲထည့်'

တက္ကသိုလ်ဝန်းထဲက ကောင်ဖီဆိုင်မှာ အလုပ် စလုပ်ကတည်းက အမြဲတမ်းလာဝယ်နေကြကျ ကာစတန်မာ တွေထဲက တစ်ယောက်ဖြစ်နေတာကြောင့် ကျွန်တော် ပြုံးပြလိုက်မိသည်။ ကာစတန်မာကတော့ မီနူးကို စိတ် လှုပ်ရှားစွာနဲ့ဘဲ လက်ချောင်းလေးနဲ့ ညွှန်ပြနေသည်။ ဒီကော်ဖီဆိုင်ကို P'Kaewပိုင်တာ... သူမ ဘွဲ့ရသွားပြီး တော့ သူမနဲ့ သင့်တော်တဲ့အလုပ်တစ်ခုကို သူမ ရှာတွေ့သွားခဲ့သည်။ အဲ့ဒါကြောင့် သူမက ဒီကော်ဖီဆိုင်ကို လာပြီး ဆိုင်စောင့်ဖို့ အချိန်အလုံအလောက်မရှိတော့…

ကျွန်တော်ကကျတော့ ကိုယ့်အသုံးစရိတ်ကိုယ့်ဘာသာ ရှာဖွေနေရတဲ့သူ… အဲ့ဒါကြောင့် သူမအစား ဆိုင်ကို စောင့်ပေးပြီး ထိန်းသိမ်းပေးဖို့အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်တာ့်အလုပ်ချိန်ကတော့ ည ၁၀နာရီထိ... ဆိုင်မပိတ်မချင်းပေါ့... အချို့ရက်တွေကျရင်တော့ အခြေအနေပေါ် မူတည်ပြီးတော့ နေ့ဆိုင်း၊ ညဆိုင်း ပြောင်းတာတွေလည်း ရှိသည်။

'နင် ဘာလို့ နေ့လယ်ပိုင်း မလုပ်တော့တာလဲ။ ပုံမှန်ဆို ညဆိုင်းက N'Khimမှတ်လား' Muiကတော့ ကိုးကိုး အအေးခွက်ကို ယူလိုက်ကာ တစ်ငုံသောက်လိုက်သည်။

'Khimက နေလို့မကောင်းဘူးဆိုလို့ ငါ အိမ်ပြန်လွှတ်လိုက်တယ်။ ပြီးတော့လည်း ငါက အားနေတာဆိုတော့ ဝင်လုပ်ပေးလိုက်တာ…'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now