အပိုင်း ၂၅

169 15 1
                                    

နောက်နှစ်ပတ်အတွင်းမှာ စာမေးပွဲတွေ စတင်တော့မှာကြောင့် ကျွန်တော် စိတ်လှုပ်ရှားပြီး ပျော်ရွင်မိသည်။ ဘာလို့လဲဆိုတော့ စာလေ့လာတာ ပြီးဆုံးသွားမယ့်အပြင် အလုပ်သင်လည်း ဆင်းရမှာကြောင့်ဖြစ်ပြီး အရေးကြီးဆုံးတစ်ခုကတော့ ကျွန်တော် Mae Yaiကို သွားပြီးတွေ့ရဦးမှာ…

အဲ့အကြောင်းတွေးမိရုံနဲ့တင် ကျွန်တော် ပျော်ရွင်မိသည်။ လွန်ခဲ့တဲ့လေးနှစ်လုံးလုံး Mae Yaiဘယ်လိုနေထိုင်နေလဲဆိုတာ ကျွန်တော်မသိ… ဘာလို့လဲဆိုတော့ စာတွေကလည်း မရောက်တာကြာပြီဖြစ်တာကြောင့် အရင်ပို့ထားတဲ့စာတွေမှလွဲပြီးတော့ Mae Yaiနဲ့ပတ်သတ်တဲ့သတင်းတွေကို ကျွန်တော် မကြားရတော့ပါ။ Mae Yaiတစ်ခါပြောဖူးတာကတော့ မြို့ကတစ်ယောက်လောက် Mae Yaiတို့နေတဲ့နေရာကိုလာမှ စာတွေပို့ပေးလို့ရတာတဲ့… အဲ့ဒါကြောင့် ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာ ကျွန်တော် စာသုံးစောင်သာ ရခဲ့သည်။

စာမေးပွဲကို ဒီနေ့ဘဲ အပြီးဖြေချင်ပြီးတော့ အမေ့ထံ သူ့ရဲ့အောင်မြင်မှုကို ယူဆောင်သွားချင်သည်။

'Ai'So! ကလိမ်ကကျစ်ကောင်!'

'မင်း အရင် ကလိမ်ကျတာမဟုတ်ဘူးလား'

'ငါဘယ်တုန်းက လုပ်လို့လဲ'

'မင်းက ဆက်တိုက်နိူင်နေတာကို…'

'အဲ့ဒါ စကေးကွ… ကလိမ်ကျတာမဟုတ်ဘူး'

'ကလိမ်ကကျစ်ကောင်'

'မင်းက မင်းကိုယ်မင်း တော်တယ်ထင်ပြီး ငါ့ကို ကလိမ်ကကျစ်ကောင်လို့ ခေါ်တော့ ငါက ငါ့ရဲ့မျက်လုံးတွေကို အဝတ်နဲ့စည်းပြီး ဆော့ရမှာလား'

'ကောင်းသားဘဲ…'

'မင်းက မကောင်းတဲ့အကောင်ဘဲ!'

ဂိမ်းဆော့နေကြတဲ့သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး ကျွန်တော် ခေါင်းခါလိုက်မိသည်။ အစကတော့ သူတို့ အေးဆေးဆော့နေကြတာဘဲ… ဒါပေမယ့် Kaoက ဆက်တိုက်နိူင်လာတဲ့အခါမှာ ခွေးပေါက်လေးက ခေါင်းနောက်လာပြီးတော့ သူ့သူငယ်ချင်းKaoရဲ့မျက်လုံးတွေကို လှမ်းပိတ်လိုက်သည်။

'Khun Kaoက ကိစ္စတော်တော်များများမှာ တကယ့်ကို ကောင်းကောင်းလုပ်တက်သားဘဲ…'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now