အပိုင်း ၂၉

116 11 0
                                    

ကျွန်တော် မနေ့ညက နောက်ကျမှ အိပ်သွားတာတောင် မနက်အစောကြီး နိူးလာခဲ့သည်။ Mae Yaiလို အသက်ကြီးတဲ့သူတွေက အရမ်းအိပ်တက်တယ်လို့ သူနာပြုက ပြောပြထားသည်။ တစ်ခါတစ်လေကျရင် သူတို့က အချိန်မှန်မနိူးတက်ဘူး။ Mae Yaiနိူးနိူးချင်း ဘေးနားမှာ ဘယ်သူ့မှရှိမနေမှာကို ကျွန်တော် ကြောက်မိပေမယ့်လည်း Mae Yaiက အခုထိ မနိူးသေးတာကြောင့် စိတ်သက်သာရာရမိသည်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တစ်ယောက်တည်းကဘဲ အိပ်ရေးမဝတဲ့သူဖြစ်နေတာလေ...

သူနာပြုက မနက်စာလာပို့ပြီး ပြန်ထွက်သွားသည်။ သိပ်မကြာခင်မှာဘဲ Mae Yaiက နိူးလာပြီး ဘေးနားမှာ ကျွန်တော် ထိုင်နေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော့်ကို ပြုံးပြလာသည်။ ကျွန်တော် Mae Yaiကို မနက်စာကျွေးပြီးတဲ့အခါမှာတော့ မနေ့ကအတိုင်း Mae Yaiရဲ့လက်လေးကို ဆုတ်ကိုင်ထားလိုက်သည်။

'ဒီနေ့ Mae Yaiကို ကြည့်ရတာ ပိုပြီးလန်းနေတဲ့ပုံဘဲနော်...'

ကျွန်တော် ပြုံးလိုက်ကာ အမေ့ရဲ့ပါးစပ်ကို သုတ်ပေးလိုက်သည်။ အရင်ကနဲ့မတူဘဲ ကျွန်တော့်ကို အားရပါးရပြုံးပြနေတာကို ကြည့်ရတာ အမေ အရမ်းပျော်နေပုံရသည်။

'So...'

'သူ ဖုန်းဆက်လာမှာကို အရင်စောင့်နေလိုက်မယ်လေ... Guiက သူ အိပ်ပျော်နေမှာစိုးလို့...'

Mae Yaiရဲ့အသံက ဒီနေ့မှာ အားအင်တွေရှိနေသည့်ပုံပေါ်နေတာကြောင့် ကျွန်တော် ဝမ်းသာအားရစွာနဲ့ ပြုံးလိုက်မိသည်။

ဒီး...

'အခုဘဲ သူ့အကြောင်းကို ပြောနေတာ... အခုဘဲ သူခေါ်လာပြီ'

ကျွန်တော့်ဖုန်းကို အမေ့ကို တစ်ချက်ပြလိုက်ပြီး fbပေါ်ကနေ တိုက်ရိုက်ခေါ်လာတဲ့ဖုန်းကောကို လက်ခံလိုက်ကာ စပီကာနှင့် ကင်မရာကိုပါ တန်းဖွင့်လိုက်သည်။ ဖုန်းscreenပေါ် တစ်ဖက်လူရဲ့ပုံပေါ်လာတဲ့အခါမှာ ကျွန်တော် ချက်ချင်းရယ်လိုက်မိသည်။

[တကယ်ကြီး ရယ်နေတယ်]

Soloက အပြာရောင်အကျီကို ဝတ်ထားပြီး ကွန်ပျူတာစားပွဲအရှေ့က ထိုင်ခုံမှာ ထိုင်နေတာ... အကျီကော်လံတွန့်နေမှာစိုးတာကြောင့် သူ့ရဲ့လက်က ကော်လံကို ဆွဲပြီး ပြင်နေသည်။ ပြီးတော့ သူ့ပုံစံက အရင်နေ့တွေကထက်ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်နေသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now