အပိုင်း ၃၉

154 10 0
                                    

'အစ်ကို သွားပြီနော်…'

'မသွားနဲ့…'

'ကိုယ့်ကိုယ်ကို ဂရုစိုက်…'

'မစိုက်ဘူး'

'ခဏလောက်တော့ သည်းခံထားရမယ်လေ…'

'ကျွန်တော်မှ မလုပ်နိူင်တာ…'

'နောက်မှ တွေ့မယ်နော်…'

'မရဘူး…'

'Ai'So! အလွမ်းသယ်နေတာကို မရပ်ရင် ငါ မင်းကို ကန်တော့မှာနော်! P'Guiကောဘဲ! အစ်ကို အခုထိ မသွားသေးဘူးဆိုရင် အစ်ကို့အိတ်ကို ကျွန်တော် မီးရှို့လိုက်မှာ… အဲ့ဒါဆို ဘယ်မှ သွားစရာမလိုတော့ဘူး!'

ခွေးပေါက်လေးက သူ့သူငယ်ချင်းရဲ့ခေါင်းကို ကိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အကျယ်ကြီးရယ်လိုက်မိသည်။ ဒီမောင်ပြာတာလေးက ကျွန်တော်တို့နှစ်ယောက်ကို စိတ်တိုနေတဲ့မျက်လုံးတွေနဲ့ ဘာလို့ စိုက်ကြည့်နေရတာလဲဆိုတာကို ကျွန်တော် နားလည်သည်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နှစ်ယောက် နူတ်ဆက်စကားပြောနေတာ တော်တော်ကြာနေပြီလေ… ဒါပေမယ့်လည်း ကျွန်တော်က ဘာလုပ်နိူင်မှာလဲ။ ခွေးပေါက်လေးရဲ့မျက်နှာက အရမ်းဝမ်းနည်းနေတာကို မြင်လိုက်ရရင် ကျွန်တော့်ရဲ့နှလုံးသားက ဘယ်လိုမှ မနေနိူင်တော့… Kaoကသာ ကြားဝင်မလာဘဲ… Beerကသာ ကျွန်တော့်ကို ဆွဲခေါ်မသွားဘူးဆိုရင် ခွေးပေါက်လေးကို နူတ်ဆက်နေရတာနဲ့ လေယာဉ်က လွတ်သွားမှာ…

'ကျွန်တော့်ကို ဖုန်းဆက်နော်!'

Soloက အော်လာတဲ့အခါမှာ ကျွန်တော် အမြန်နောက်လှည့်လိုက်ပြီးတော့ သူ့ကို ပြုံးပြကာ လက်ကို ဝှေ့ပြလိုက်သည်။ သူ့ရဲ့မျက်နှာကို ကောင်းကောင်းမမြင်ရလောက်တဲ့အထိ ဝေးတဲ့နေရာကို ရောက်နေတာဘဲ ကောင်းသွားတာ… ကျွန်တော်သာ သူ့မျက်နှာကို မြင်လိုက်မိရင် သွားဖြစ်တော့မှာ မဟုတ်ဘူး။

'စိတ်ပူမနေစမ်းပါနဲ့'

ကျွန်တော့်အနောက်မှာ ကျန်ခဲ့တဲ့ကောင်လေးကို စိတ်ပူနေတဲ့စိတ်တွေက ရပ်တန့်လို့မရဘူးဆိုတာကို Beerက သတိထားလိုက်မိတာကြောင့် အခုလို ပြောလာတာထင်သည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now