Sepcial Chapter: Solo×Gui 2

357 21 2
                                    

'ကျွန်တော်ကတော့ ဆင်ခြေပေးဖို့အတွက် ပြင်ရတော့မယ် ထင်တယ်'

အနောက်က ထွက်လာတဲ့ရယ်သံနဲ့အတူ အနောက်ကနေ ကျွန်တော့်ကို ပွေ့ဖက်လာတာကြောင့် မနက်စာပြင်နေတဲ့ ကျွန်တော့်ရဲ့လက်တွေကို အမြန်ရပ်တန့်ပစ်လိုက်သည်။

'ဘာဆင်ခြင်လဲ'

'Guitarက ကျွန်တော့်ထက် စောပြီး ထပြန်ပြီလေ…' ကျွန်တော့်ရဲ့ဂုတ်သားတွေကို ငုံ့ပြီးနမ်းလာတဲ့ခေါင်းလေးကြောင့် ကြက်ဥမွှေနေတဲ့လက်ကို ရပ်ပြီးတော့ ထိုခေါင်းလေးကို အသာလေးပုတ်ပြီး ရပ်ခိုင်းလိုက်သည်။

'အဲ့ဒါဆို အစ်ကိုက အိပ်ယာပေါ်မှာ လှဲနေရမှာလား' ကျွန်တော် ရယ်မောပြီးတော့ ခွေးပေါက်လေးရဲ့ခေါင်းကို ပုတ်ပေးနေတဲ့လက်ကို ချလိုက်ကာ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် နောက်ကို လှည့်လိုက်သည်။ 'ဒါက ဒရမ်မာကားတွေမှ မဟုတ်တာ… အစ်ကိုက ထမရဘူးဆိုရင်တောင်မှ အဲ့ဒါက… နည်းနည်းပါးပါးပါပဲ… ပြီးတော့ အစ်ကိုက အလတ်ကြီးရှိသေးတဲ့လူငယ်တစ်ယောက်ပဲလေ…'

'အကြမ်းခံ… အမ်…'

'ဘာလဲ' ခွေးပေါက်လေးရဲ့မျက်နှာက ပြောင်းလဲသွားတာကို မြင်လိုက်တာနဲ့ ကျွန်တော် မျက်မှောင်ကြုတ်ထားပြီး ပြောလိုက်မိသည်။ ခွေးပေါက်လေးရဲ့တည်နေတဲ့မျက်နှာထားက ချက်ချင်းဆိုသလို ပြုံးသွားတာက သိပ်ပြီးယုံကြည်စရာမကောင်းဘူး။

'အဲ့ဒါဆို ပြန်စရအောင်လေ…' Soloက ပြောနေရင်းနဲ့ ကျွန်တော့်ရဲ့ခါးကို ဆွဲဖက်လိုက်သည်။

'အမ်… So ရေမချိုးရသေးဘူး မှတ်လား။ ကပ်စေးကပ်စေးဖြစ်နေတယ်' အတွေးထဲမှာတော့ ခွေးပေါက်လေးလုပ်တာကို ရပ်ပစ်ဖို့ပဲ… အခွင့်အရေးရတာနဲ့ တန်းပြီး ထွက်ပြေးမှာ… ဒါပေမယ့် ခွေးပေါက်လေးရဲ့မျက်နှာက ပိုပြီးတော့ ပြုံးဖြီးလာတာကို တွေ့လိုက်ရသည်။

'ညတုန်းကမှ Guitarနဲ့အတူတူ ရေချိုးထားတာကို… မနံပါဘူးဗျ…'

ကျွန်တော် မျက်လုံးအပြူးသားဖြစ်သွားပြီးတော့ အရှေ့မှာရှိနေတဲ့လူကို ကြည့်နေမိသည်။ တကယ့်ကို မယုံကြည်နိူင်စရာဘဲ… ဒါက ကလူနေတယ်ဆိုတာကို သိပေမယ့်လည်း အခြားတစ်ဖက်မှာတော့ ကျွန်တော့်ကို အခုလိုမျိုး ရှက်အောင် လုပ်နေသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now