Special Part-2 (Solo)

295 29 1
                                    

[မင်း လာရမယ် So…]

စီနီဟာတစ်ယောက်ရဲ့စကားသံအဆုံးမှာ Moonဆုရထားတဲ့ကောင်လေးက သက်ပြင်းချလိုက်မိသည်။

'ကျွန်တော် မလာချင်ဘူး'

မလာချင်ဘူးဆိုတာ မသွားချင်လို့ပေါ့… Soloလိုလူမျိုးက ဒီလိုစကားမျိုး မပြောလို့ ဘယ်လိုပြောရမှာလဲ။ သူသာ သွားဖို့ သဘောတူလိုက်မယ်ဆိုရင် နောက်မှ စိတ်ညစ်နေရမည်။ အခု သူ အရမ်းအိပ်ချင်နေပြီးတော့ စိတ်က မငြိမ်ဖြစ်နေသည်။ အဲ့ဒါကြောင့် မသွားဘူးဆို မသွားဘူးဘဲ…

ကျွန်တော်က အိပ်မှာ!

[Ai'Guiလည်း လာမှာနော်…]

'အရင်ဆုံး ကျွန်တော် အကျီလဲလိုက်ဦးမယ်'

[ဟ… မြန်လှချည်လား။ ည၈နာရီကျရင် အန်ကယ်Borရဲ့ဘားမှာ တွေ့ကြမယ်]

'အင်း…'

Guitarက အားလုံးထဲမှာမှ တစ်ခုတည်းသော ချွင်းချက်ပင်…

အဲ့လိုနေရာတွေက အရမ်းကျယ်လောင်လွန်းတာကြောင့် သူ သဘောမကျ… ပြီးတော့လည်း သူ့ရဲ့ခန္ဓာကိုယ်ကို လူကြားတွေထဲကနေ မနည်းဆွဲပြီး သွားရလိမ့်မည်။ စိုက်ကြည့်ခံရတာတွေက အရမ်းကို စိတ်အနှောက်အယှက်ဖြစ်လွန်းတာကြောင့် သူ အိမ်ကိုသာ ပြန်ချင်နေသော်လည်း ဒီကို လာတဲ့ရည်ရွယ်ကြောင့်သာ သူ ဆက်နေနေမိတာ… သူ့စိတ်ကို သိမ်းဆည်းထားလိုက်ပြီး ပင်ပန်းပြီး အိပ်ငိုက်တယ်လို့ ခံစားရတာတောင် သူ့ကိုယ်ကို တွန်းအားပေးပြီး အထဲထဲသို့ ဝင်လိုက်သည်။

'ဟေး… မင်း!'

လူတွေအများကြီးထိုင်နေတဲ့ စားပွဲဝိုင်းအရှည်တစ်ခုကနေ ကျယ်လောင်တဲ့အသံထွက်လာသည်။ အဲ့ဒီသူကတော့ သူ့ကို ဒီကိုလာဖို့ ခေါ်ခဲ့တဲ့စီနီယာလေ…

'သောက်နေလိုက်… ခဏနေရင် Ai'Guiလာလိမ့်မယ်'

ကျွန်တော် အရက်တစ်ခွက်ကို ယူလိုက်ကာ အမှောင်ကျနေတဲ့ထောင့်နားသို့ သွားပြီး ထိုင်လိုက်သည်။ ပြီးမှ ဖုန်းကို ထုတ်ပြီးတော့ ကြည့်လိုက်သည်။

Gui Jirayu:
အစ်ကို သွားနေတယ် :)

သူ လှည့်စားခံလိုက်ရပြီလို့ တွေးမိသွားသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Unde poveștirile trăiesc. Descoperă acum