အပိုင်း ၁၈

192 23 0
                                    

စာမေးပွဲပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ဘဝကြီးက သာမန်လူတွေလို ပုံမှန်ပြန်ဖြစ်သွားသည်။ စာမေးပွဲကာလတုန်းနဲ့ယှဉ်ရင်တော့ အခုအချိန်က ကဖေးဆိုင်မှှာ လူပိုနည်းသည်။ စာမေးပွဲကာလတုန်းက ကျောင်းသားအများစုက ဆိုင်ကို လာပြီးတော့ စာလာလုပ်ကြသည်။ စာမေးပွဲပြီးသွားတဲ့အချိန်မှာတော့ စိတ်ဖိစီးမှုတွေ မရှိတော့… လူတိုင်းက အရင်ကအတိုင်း သာမန်ဘဝမျိုး ပြန်ဖြစ်သွားတာကြောင့် စာလုပ်ဖို့ တိတ်ဆိတ်တဲ့နေရာကို ရှာစရာမလို့တော့…

ဒီနေ့ ကျွန်တော် ကဖေးဆိုင်ကို သွားမလို့… ဒါပေမယ့် ကျွန်တော် လာနေကြအတိုင်း အလုပ်သမားအနေနဲ့တော့မဟုတ်… ဈေးဝယ်သူတစ်ယောက်အနေနဲ့လာတာ… ကျွန်တော် မှတ်မိသလောက် အခုအချိန်ပိုင်းက…

'P'Gui… မင်္ဂလာပါ'

'မင်္ဂလာပါ Khim'

ကျွန်တော် သူမကို ပြုံးပြကာ ကော်တာနားက စားပွဲသို့ သွားလိုက်သည်။

'မတွေ့ရတာ အရမ်းကြာနေပြီ။ Khim… P'ကို အရမ်းလွမ်းနေတာ…'

Khimက ပြောနေရင်း ကျွန်တော့်ဘေးနားမှာ ထိုင်လိုက်ကာ ထူးဆန်းတဲ့အကြည့်နှင့် ကြည့်နေသည်။ တစ်ခုခုကို စပ်စုချင်နေတဲ့ပုံ…

'အလုပ်မလုပ်ဘူးလား'

'Taeလုပ်လိမ့်မယ်' Khimက ထိုင်မြဲသာထိုင်ပြီးတော့ ကျွန်တော့်ကို စိုက်ကြည့်နေသည်။

ကျွန်တော်က သေးသေးလေးကအစ လုပ်တက်တဲ့သူဆိုတော့ ဒီလိုမျိုးထိုင်ပြီး အနားယူဖို့အချိန်တောင် မရှိခဲ့… ပြီးတော့လည်း ကျွန်တော့်အဆိုင်းက လွဲရင် ကျန်တဲ့ကျောင်းပိတ်ရက်အဆိုင်းတွေက တစ်ဆိုင်းမှာ ဝန်ထမ်းနှစ်ယောက်ထားတာလေ… အဲ့ဒါကြောင့် သူတို့က သိပ်မပင်ပန်းဘူး။ သူတို့ပင်ပန်းရင်လည်း အခြားတစ်ယောက်က ကူပေးကြတယ်လေ…

'P'Kaewကို Khimရဲ့လစာကို လျော့ဖို့ပြောရင် ပိုကောင်းမယ်ထင်တယ်'

' P'Guiကလည်း မပြောပါနဲ့… Khimက ဒီအတိုင်း သိချင်လို့ဟာကို…'

'ဘာသိချင်လို့လဲ'

ကျွန်တော် ပြုံးပြလိုက်သည်။ သူမ ဘာသိချင်နေတာလဲဆိုတာ ကျွန်တော် မသိတာကြောင့် စိတ်သက်သာမိသေးသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now