အပိုင်း ၉

331 33 2
                                    

Soloရဲ့လက်ရှိအခြေအနေကို ကြည့်လိုက်တဲ့အခါမှာ ကျွန်တော် စောနက အဖွဲ့ဆီသွားကာ မကျေနပ်တာတွေကို ထပ်ပြီးပြောချင်နေတဲ့ စိတ်တွေ ပေါက်လာသည်။

အလုပ်တွေပြီးလို့ ဓာတ်ပုံကလပ်က ထွက်လာတဲ့အခါမှာ Soloက အားနည်းပြီး နေမကောင်းသလိုဖြစ်နေသည်။ ဒါပေမယ့် သူ ပုံမှန်ထက်ပိုပြီး အသက်ရှုရခက်နေတာကြောင့် ဖြည်းဖြည်းချင်း လမ်းလျောက်နေတယ်ဆိုတာကို ကျွန်တော် သတိထားမိနေသည်။ ဒါ့အပြင် အလုပ်တွေပြီးတော့လည်း သူ့အခြေအနေလေးကို တစ်ခုလေးတောင် ထုတ်မပြောခဲ့ဘူး။ ရှုတင်က ကောင်းကောင်းမွန်မွန်ဖြစ်သွားတာကြောင့် အချိန်သိပ်မယူလိုက်ရဘဲ ပြီးသွားသည်။

ကျွန်တော် သူ့ရဲ့လက်မောင်းကို ဆွဲယူလိုက်ပြီး ဂီတဆောင်အရှေ့က ကျောက်စားပွဲဝိုင်းမှာ ထိုင်ခိုင်းလိုက်သည်။ ဘာလို့လဲဆိုတော့ သူ လမ်းလျောက်နေတဲ့ပုံစံက ယိုင်နေပြီး မျက်မှောင်ကြုတ်ထားတယ်လို့ ကျွန်တော် ခံစားလိုက်ရတာကို… သူ့ရဲ့ကားက ဒီအဆောင်အကျော်က ကားပါကင်မှာ ရပ်ထားတာ… ကျွန်တော်တို့ ဓာတ်ပုံကလပ်ကနေ ဒီအထိ လမ်းလျှောက်လာခဲ့တဲ့အကွာအဝေးလောက်တောင် မဝေးတော့ဘူးဆိုပေမယ့်လည်း သွားနေတဲ့အချိန်မှာ သူ မေ့လဲသွားမှာကိုတောင် ကျွန်တော် ကြောက်မိသည်။

ကျွန်တော် ကားမမောင်းတက်တာကဘဲ အရမ်းကို ဆိုးရွားလွန်းသည်။

'So ဘယ်လိုနေသေးလဲ' ကျွန်တော် လက်မြှောက်လိုက်ပြီး နေမကောင်းဖြစ်နေတဲ့သူရဲ့နဖူးလေးကို စမ်းလိုက်တော့ အရမ်းပူကျစ်နေတာဘဲ… ကျွန်တော် ဘယ်လှည့်လိုက် ညာလှည့်လိုက်နှင့် ဖြတ်သန်းဖြတ်လာ လုပ်နေကြတဲ့သူတွေကို ကြည့်ကာ အိမ်ကို ဘယ်လိုပြန်ပို့ပေးရမလဲဆိုတာကိုသာ စဉ်းစားနေမိသည်။

'Guitar…' Soloရဲ့လက်က ကျွန်တော့်ရဲ့လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီးတော့ ဒီအတိုင်း နေချင်တယ်ဆိုတဲ့သဘောနှင့် ကျွန်တော့်ကို ခေါင်းခါပြသည်။ အဲ့ဒါနဲ့ သူ တစ်ခုခုဖြစ်သွားရင် ပိုပြီးနာကျင်ရမှာမို့လို့ သူ့ရဲ့ခေါင်းလေးကို ကျွန်တော် ချက်ချင်းကိုင်လိုက်သည်။

'တောင်ခံထားလို့ ရသေးတယ်မှတ်လား။ အစ်ကိုတို့ အိမ်ပြန်ရောက်တဲ့အခါကျရင် ဆေးရှာပေးမယ်' ကျွန်တော် သူ့ရဲ့ပူနွေးနေတဲ့လက်လေးကို ဆုတ်ကိုင်ကာ အသာလေး ညစ်လိုက်ပြီး သူ နေမကောင်းမှန်းသိနေတာကို ဘာလို့ ဆက်ပြီး ရှုတင်လုပ်ခိုင်းရတာလဲလို့ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်ကာ ဆူပူနေမိသည်။ ဒေါသတွေ ထွက်ရမယ့်အစား အနည်းဆုံးတော့ သူတို့ရဲ့စတူရီယိုအခန်းထဲက အပူချိန်ကို မြင့်ခိုင်းလိုက်သင့်သည်။ သူ့ရဲ့ကျန်းမာရေးကို ကျွန်တော် မေ့သွားခဲ့တာဘဲ…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now