အပိုင်း ၃၀

151 12 1
                                    

Mae Yaiရဲ့ဈာပနာက ရိုးရိုးရှင်းရှင်းလေးပါဘဲ… အခမ်းအနားတွေ အများကြီးပါဝင်တဲ့အထိ ကြီးကြီးကျယ်ကျယ်လုပ်တဲ့ပွဲမျိုးမဟုတ်… ပြီးတော့ ထိုဈာပနာကို လူအနည်းကျဉ်းလောက်ဘဲ တက်ရောက်လာကြသည်။ တောင်ပေါ်က ရွာသားနှစ်ယောက်က ကိုယ်စားပြုအနေနဲ့ ဈာပနာအခမ်းအနားသို့ လာခဲ့သည်။ Khun Jayက သတင်းကြားပြီးပြီချင်း အပြေးရောက်လာခဲ့ပြီး ဘုရင်သုံးယောက် ညီအစ်ကိုတို့ကတော့ Mae Yaiဆုံးတဲ့နေ့ဘဲရောက်ချလာကာ နာရေးကိစ္စတွေကို စီစဉ်ပေးနေသည်။

အချိန်တွေက အရမ်းမြန်လွန်းသည်။ ခဏလေးအတွင်းမှာတင် မီးသဂြိုလ်မည့်နေ့ကို ရောက်လာခဲ့သည်။ ကျွန်တော့်စိတ်ထဲမှာ ဘာမှမရှိတော့သလိုမျိုး ခံစားနေရသည်။ ကျွန်တော် တစ်ကြိမ်လေးတောင်မှ မငိုခဲ့… ကျွန်တော် ဒီအတိုင်း လက်မခံနိူင်တဲ့အရာကို တွေးနေမိတာ… အသက်ရှည်နေထိုင်ရမယ့်ရည်ရွယ်ချက်က ပျောက်ဆုံးနေသလိုပေါ့…

သေချာပြင်ဆင်ထားတဲ့ Mae Yaiရဲ့ဈာပနာအခမ်းအနားအရှေ့မှာဘဲ ကျွန်တော် တစ်ချိန်လုံး ထိုင်နေကာ Mae Yaiရဲ့အဖြူအမဲဓာတ်ပုံလေးကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်ပြီး အချိန်ဖြုန်းနေမိသည်။ မှောင်လာပြီဆိုရင် ကျွန်တော်တို့ အနားယူဖို့အတွက် အခမ်းအနားအနောက်ကနေရာလေးကို Khun Jayနဲ့ ဘုရင်သုံးယောက်ညီအစ်ကိုတို့က ပြင်ဆင်ပေးထားတာကြောင့် သူတို့နောက်ကို ကျွန်တော် လိုက်သွားလိုက်သည်။ ပြီးတော့လည်း သူတို့အားလုံးက ကျွန်တော့်ကို စိုးရိမ်တဲ့အကြည့်တွေနဲ့ ကြည့်နေကြတာကြောင့် သူတို့ကို အမြဲတမ်း ပြန်ပြုံးပြဖြစ်သည်။

Soloက ကျွန်တော့်ကို နေ့တိုင်းဖုန်းခေါ်သည်။ သူက ကျွန်တော့်ကို ကင်မရာမဖွင့်ခိုင်းဘဲနဲ့ ဒီအတိုင်းသာ စကားပြောတာ… ကျွန်တော် ဘာလုပ်နေလဲ… ဘယ်လိုနေနေလဲဆိုတာကို မေးပြီး နောက်ဆုံးအထိ ဖုန်းလည်းမချဖြစ်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေမိသည်။ ကျွန်တော် ဘာမှပြောမလာတာကြောင့် အိပ်ပျော်သွားပြီလို့ သူ ထင်နေပုံဘဲ… ဒါပေမယ့် ကျွန်တော် တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ Soloက အမေ့သတင်းကို ကြားပြီးပြီးချင်းအချိန်မှာ စာမေးပွဲတွေ မဖြေတော့ဘဲ ကျွန်တော့်အနားကို လာဖို့လုပ်နေတယ်လို့ Khun Jayက ပြောပြခဲ့သည်။ အဲ့စကားကို ကြားလိုက်တာနဲ့ ကျွန်တော် Soloဆီ ချက်ချင်းဖုန်းဆက်လိုက်ကာ ပုံမှန်အသံနှင့် အဆင်ပြေကြောင်းကို ရယ်ပြီးပြောလိုက်သည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now