Special Chapter: C × Jay 1

219 9 0
                                    

C Siwarokinရဲ့ငယ်ရွယ်တဲ့အချိန်တုန်းက သူ့ရဲ့ဘဝက လုံးဝကို ပြီးပြည့်စုံခဲ့တာ... သူက သူ့ရဲ့မိသားစုမှာ တစ်ဦးတည်းသောသား... သူ့ရဲ့အဖေက နာမည်ကြီးတဲ့ဟိုတယ်လုပ်ငန်းစု RKရဲ့ပိုင်ရှင်... သူ့ရဲ့အမေဆိုတာကလည်း ထိုင်းနိူင်ငံမှာ နာမည်ကြီးတဲ့ ခေါင်းဆောင်မင်းသမီးတစ်ယောက်... လိုချင်တာကို ပါးစပ်ကနေသာ ထုတ်ပြောလိုက်... မျက်စိအရှေ့ကို တန်းရောက်လာတဲ့အထိပဲ...

အဲ့လို လိုတိုင်းရဘဝမှာ နေထိုင်ရပေမယ့်လည်း သူ့ဘဝမှာ တစ်ခုခုလိုအပ်နေသလိုမျိုး ခံစားနေတုန်းပဲ...

သူ အခုထိ ရှာမတွေ့နိူင်သေးတဲ့အရာတစ်ခုပေါ့... သူ အဲ့ဒီအရာကို စောင့်မျှော်ပြီး ရှာဖွေနေတုန်းပဲ...

'သား အငယ်လေး လိုချင်တယ်' အသက်၁၆နှစ်အရွယ်တုန်းက သူနဲ့ မတူတဲ့လေသံမျိုးနဲ့ အမေဖြစ်သူကို ပူဆာခဲ့တာ... သူ့ရဲ့မျက်နှာက တည်နေပေမယ့်လည်း တကယ်လိုချင်နေတဲ့ဆန္ဒက သူ့ရဲ့မျက်နှာပေါ်မှာ အထင်သား...

Lisaကတော့ သူမရဲ့သားဖြစ်သူကို ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေပြီး သူမရဲ့အကြည့်တွေကို တစ်ဖက်သို့ လှည့်လိုက်သည်။ သူမရဲ့မျက်နှာက အသက်အရွယ်နဲ့မလိုက်အောင် နုပျိုပြီးတော့ လှပနေတုန်း... သူမက မှန်ပေါ်မှာ ပေါ်နေတဲ့ သူမရဲ့ပုံရိပ်ကို ကြည့်နေသည်။

'သားရဲ့ဖေဖေက ဘယ်အချိန်မှ အိမ်ပြန်လာမှာလဲ'

'အမေက ထပ်မလိုချင်တော့လို့ မှတ်လား' ကလေးဖြစ်သူက ခပ်အေးအေးလေး ပြန်မေးလိုက်သည်။ အမေကလည်း အဖေ့ရဲ့ရတနာလေးကို လိုချင်ပါ့မလားဆိုတာကို သူ မသိဘူးလေ... သူ မေးလိုက်တဲ့အချိန်မှာ ဖြစ်လာမယ့် တုန့်ပြန်မှုပုံစံကို စောင့်ကြည့်နေမိတာ... ဖြစ်လာတဲ့ပုံစံကတော့ သူ တွေးထားတာနဲ့ အများကြီးသိပ်မကွာခဲ့ဘူး။

သူ့ရဲ့မိသားစုဆိုတာက အချစ်နဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။ သူ့မှာ ဒေါ်လာဘီလီယံနဲ့ ချီပြီး ရှိနေတာတောင် သူက သူငယ်ချင်းတွေကို အမြဲတမ်းရှုံးနိမ့်နေသလိုမျိုး ခံစားနေရတာ... သူ့သူငယ်ချင်းတွေရဲ့မိဘတွေက တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် တရင်းတနှီးနဲ့ နွေးထွေးလွန်းလှသည်။ သူကတော့ သူ့ရဲ့အမေနဲ့ အဖေကို တစ်ချိန်တည်းမှာပဲ အတူတူယှဉ်ပြီး ရှိနေတာကိုတောင် မတွေ့ဖူးဘူး။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now