အပိုင်း ၃၆

122 9 0
                                    

ကျွန်တော် အရင်နေ့တွေထက် နည်းနည်းလောက်စောပြီး အိပ်ယာထခဲ့သည်။ ဘာလို့လဲဆိုတော့ ဒီနေ့က အထူးနေ့လေ… ပြီးတော့လည်း ဒီနေ့က ဒီမှာနေရမယ့်နောက်ဆုံးနေ့… ဒါ့ပြင် နှစ်တစ်နှစ်ရဲ့နောက်ဆုံးနေ့လေ…

ပြီးတော့ အရေးကြီးဆုံးက… ဒီနေ့က အခုထိ အိပ်နေတုန်းဖြစ်တဲ့ခွေးပေါက်ကြီးရဲ့မွေးနေ့လေ…

ကျွန်တော် အိပ်ယာပေါ်ကနေ အသာလေးထလာလိုက်သည်။ ဒီခွေးပေါက်က ဘယ်လောက်ထိ အအိပ်ဆတ်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိနေတာကြောင့် လုံးဝအသံမထွက်မိအောင် ခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။ ကံကောင်းစွာနဲ့ဘဲ မနေ့ညက တော်တော်နောက်ကျတဲ့အထိ စကားပြောဖြစ်တာကြောင့် ခွေးပေါက်လေးက ပုံမှန်နေ့တွေထက် ပိုပင်ပန်းခဲ့သည်။

ပုံမှန် ဒီမှာနေတဲ့သူတွေက အစောကြီး အိပ်ယာထကြတယ်။ ရွာထဲ ဝင်လိုက်တာနဲ့ အလုပ်လုပ်နေကြတဲ့အသံကို ကြားရသည်။ ဒါပေမယ့် ဒီနေ့ကတော့ မတူ… ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ တစ်ယောက်မှ မနိူးသေးဘူးဆိုတာတော့ မဖြစ်နိူင်… ရွာအလယ်မှာရှိတဲ့ အဒေါ်Jitအိမ်သို့ ကျွန်တော် လမ်းလျောက်သွားလိုက်သည်။ ကျွန်တော် အိမ်နဲ့နီးလာလေလေ… ဆူညံသံတွေက ပိုပိုပြီးပြတ်သားကြည်လင်လာကြသည်။

'ဒီလိုမျိုး နှစ်သစ်ကူးနေ့မှာ မြို့က လူတွေက ဘာလုပ်ကြလဲ။ အဘွား…'

'သူတို့က ပွဲတွေနဲ့ ပျော်ကြတာပေါ့…'

သူတို့စကားပြောနေတာလေးကို ကျွန်တော် ခဏလောက်ရပ်ပြီး ကြည့်နေမိသည်။ ကလေးတွေက အဒေါ်Jitကို မနားတမ်း မေးခွန်းတွေကို တရစပ်မေးနေတာ… အိမ်ထဲကို တစ်ချက်ကြည့်လိုက်တော့ ကလေးတွေက အဝိုင်းပုံစံဝိုင်းထိုင်နေပြီး တစ်ယောက်ကို တစ်ယောက် အချင်းချင်းကူညီကာ တစ်ခုခုကို လုပ်နေကြသည်။

'ကလေးတွေ… ဘာလုပ်နေကြတာလဲ'

ကျွန်တော် တံခါးနားရပ်ကာ ပြောလိုက်ပေမယ့် အိမ်ထဲသို့ မဝင်ခဲ့… ကလေးတွေက ကျွန်တော့်ကို လက်အုပ်ချီကာ နူတ်ဆက်လာကြပြီးတော့ သူတို့လုပ်နေကြတဲ့အရာကို ဆက်ပြီးလုပ်နေကြသည်။ တကယ်တော့ သူတို့က ဟင်းရွက်တွေကို နွှင်နေကြတာ…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Hikayelerin yaşadığı yer. Şimdi keşfedin