အပိုင်း ၃၅

137 12 0
                                    

ရွာသားတွေ ပြန်သွားကြတဲ့အခါမှာ ကျွန်တော်၊ Solo၊ Khun Jayနဲ့ Soloအဖေပို့လိုက်တဲ့သူတွေက စကားပြောဖို့အတွက် ကျွန်တော်တို့ နေနေတဲ့အိမ်ကို ပြန်ခဲ့ကြတယ်။ N'Moonလေးကတော့ သူ့ရဲ့ဆရာခန့်ချောကြီး နာသွားလို့ဆိုပြီး အသည်းအသန်ငိုနေလေရဲ့... ဒီတစ်ကြိမ်မှာတော့ Soloက ကလေးကို ချီထားလိုက်ပြီး ခေါင်းလေးကို ပုတ်သတ်ပေးကာ နှစ်သိမ့်ပေးနေသည်။ ဒါက သူ လုပ်နေကြပုံစံမျိုးမဟုတ်ပါ။ ကျွန်တော်တို့ အိမ်ပြန်ရောက်တဲ့အခါ အိမ်ထဲဝင်လိုက်ပြီးတော့ စကားပြောဖြစ်ကြတယ်။ Soloအဖေရဲ့လူတွေက အိမ်ထဲ လိုက်မဝင်လာတာဘဲ တော်သေးသည်။

'N'Moon... အစ်ကို ဆရာခန့်ချောကြီးရဲ့ဒဏ်ရာတွေကို အရင်ဆုံး ဆေးထည့်ပေးရဦးမယ်လေ...'

Soloရဲ့လည်ပင်းကို ဖက်ထားတဲ့N'Moonလေးရဲ့လက်လေးကို ကျွန်တော် ထိတွေ့လိုက်တယ်။ N'Moonလေးက ကျွန်တော့်ကို လှည့်ကြည့်ပြီးတော့ ခေါင်းညိမ့်ပြလာသည်။ ပြီးတဲ့အခါ ဖက်ထားတဲ့လက်လေးတွေက ပြေကျသွားပြီး Soloရဲ့ဘေးမှာ ထိုင်နေကာ P'Janကို ဖက်ထားသည်။

Soloရဲ့ဒဏ်ရာတွေကို ကျွန်တော် သန့်စင်လိုက်ပြီး ရွာသားတွေ ပေးလာတဲ့ဆေးကို ထည့်ပေးလိုက်တယ်။ အင်း... သူ့ရဲ့ဒဏ်ရာ အရမ်းကြီးဆိုးရွားမနေဘူး။ နူတ်ခမ်းထောင့်နားလေးမှာ ပေါက်သွားပြီး ပါးမှာ ခြစ်ရာပါးပါးလေးဘဲရှိတာ...

'ကျွန်တော် မနာပါဘူး'

Soloရဲ့လက်လေးတွေက ကျွန်တော့်ရဲ့ခေါင်းပေါ် အသာလေးကျရောက်လာပြီး ပြောလာသည်။ မမျှော်လင့်ဘဲ ကျွန်တော့်မျက်နှာပျက်သွားတာကို သူ မြင်သွားတာကြောင့် အခုလို ပြောလာထင်တယ်။ ကျွန်တော် နားလည်တဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်ပေမယ့်လည်း သူ့ရဲ့အနာကို ဆေးထည့်ပေးနေတဲ့တောက်လျောက် ကျွန်တော် စိတ်မချမ်းသာမိ... သူကတော့ ဘာမှမဖြစ်ထားတဲ့လူတစ်ယောက်လို ငြိမ်သက်စွာထိုင်နေသည်။

သူ့အနာကို ဆေးထည့်လို့ပြီးသွားတဲ့အခါမှာ အသိစိတ်လွတ်နေတဲ့လူတစ်ယောက်လိုမျိုး ငေးငိုင်ပြီး ထိုင်နေကြတဲ့Khun Jayကို ကျွန်တော်တို့နှစ်ယောက်စလုံး လှည့်ကြည့်လိုက်မိသည်။ အဲ့ဒါနဲ့ ကျွန်တော် Soloကို လှည့်ကြည့်လိုက်တဲ့အခါမှာ Soloက မျက်မှောင်ကြုတ်ထားပြီးတော့ Khun Jayကို စိတ်ပူနေတဲ့အကြည့်တွေနဲ့ ကြည့်နေသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Onde as histórias ganham vida. Descobre agora