အပိုင်း ၂၄

10 0 0
                                    

'Khun Gui!'

ကျွန်တော့်နာမည်ခေါ်လာတဲ့ဘက်ကို လှည့်ကြည့်မိလိုက်တော့ ရွှေရောင်ဆံပင်နဲ့ ယောကျာ်းလေးတစ်ယောက်က အဝေးကနေ လက်ဝှေ့ပြနေတာကို တွေ့လိုက်ရသည်။ Khun Jayရဲ့မျက်နှာက ပိုပြီးတောက်ပလာတယ်လို့ ထင်မိတာက ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်လောက်… သူနဲ့Soloကြားက အထင်လွဲမှားမှုတွေ မရှိတော့တာကြောင့် ဖြစ်မှာပေါ့…

ဒါပေမယ့် သူက ကျွန်တော့်ရဲ့ဌာနအရှေ့မှာ ဘာလို့ရောက်နေရတာလဲ။

ဒီအချိန်ဝန်းကျင်က ဒီက ကျောင်းသားတွေရဲ့အတန်းပြီးချိန်ဖြစ်တာကြောင့် အခုအချိန်မှာ ဌာနစာသင်ဆောင်အရှေ့မှာ မတ်တပ်ရပ်နေတဲ့Khun Jayကို ကျောင်းသားတွေအများကြီးက ဝိုင်းကြည့်နေကြမယ်ဆိုတာ ပြောစရာပင်မလိုတော့… ကျွန်တော် အချိန်အလုပ်သွားဖို့ ရှိနေသေးတာကြောင့် ကျွန်တော့်သူငယ်ချင်းတွေထက်ပိုပြီး စောထွက်လာခဲ့တာဘဲ ကံကောင်းသွားတာ… မဟုတ်လို့ သူတို့နဲ့သာ အတူတူထွက်ခဲ့မယ်ဆိုရင် သူတို့က ကျွန်တော့်ကို စစ်ဆေးမေးမြန်းနေတာနဲ့ သေချာပေါက် အလုပ်နောက်ကျလိမ့်မည်။

'Khun Jay ဒီကို ဘာလာလုပ်တာလဲ' စောင့်နေတဲ့လူတစ်ယောက်ကို ပြုံးပြရင်း မေးလိုက်မိသည်။ ပြီးတော့ သူက အမြဲတမ်းအနောက်တိုင်းဝတ်စုံအပြည့်ကိုဘဲ ဝတ်လေ့ရှိသော်လည်း ဒီနေ့ကျတော့ သူက Vပုံစံလည်ဟိုက် ရှပ်အကျီကို ဝတ်ထားတာကြောင့် ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ကျွန်တော် သူ့ကို စတွေ့တဲ့နေ့ကစပြီး သူ့ကို တွေ့တဲ့အချိန်တိုင်းမှာ သူက အမြဲတမ်း အနောက်တိုင်းဝတ်စုံကိုဘဲ ဝတ်ထားတာ… Soloပြောပြတာကတော့ Khun Jayက နေ့တိုင်းလိုလို အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတာမို့လို့ အခုလို ဝတ်ထားရတာပါတဲ့… ဒါပေမယ့် အခုလို ရှပ်အကျီလေးဝတ်လိုက်တော့ ပိုပြီးငယ်တဲ့ပုံစံပေါက်နေသည်။

'Khun Guiကို လာတွေ့တာပါ' Khun Jayက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ပြုံးကာ ပြန်ဖြေလာတာကြောင့် ကြည့်နေတဲ့အမျိုးသမီးအုပ်စုတွေက ရှက်သွေးဖြာကုန်ကြသည်။ 'အင်း… အစ်ကိုက ဒီနေ့အားနေတာလေ… အဲ့ဒါကြောင့် ဒီကျောင်းကို လာလည်ကြည့်တာ… သခင်လေးပြောတာတော့ သူ့အတန်းပြီးသွားရင် စီနီယာတစ်ယောက်ရဲ့မွေးနေ့ကိုသွားပြီး ဖျော်ဖြေပေးရဦးမယ်တဲ့… အဲ့ဒါနဲ့ သခင်လေးက Khun Guiကို ကဖေးဆိုင်ထိရောက်အောင် လိုက်ပို့ပြီး သူ့ကို အဲ့ဆိုင်မှာဘဲ စောင့်နေလို့ ပြောလို့ပါ…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now