အပိုင်း ၁၂

24 2 0
                                    

'ငါတို့ ငါးနာရီ စထွက်မှာနော်…'

အခန်းထဲက ဆရာထွက်သွားပြီးတာနဲ့ ချက်ချင်းဆိုသလို တစ်ယောက်ယောက်ရဲ့ အလျင်လိုနေသည့်အသံက အကျယ်ကြီး ထွက်ပေါ်လာသည်။ အခန်းတစ်ခုလုံး အရမ်းပြာယာတွေ ခက်နေပုံရသည်။ ဘာလို့လဲဆိုတာ့ အခုဘဲ ၄နာရီ ၄၀ရှိနေပြီလေ… တကယ်လို့ မနက်ကတည်းကသာ ကျွန်တော့်အိတ်ကို တစ်ခါတည်း သယ်မလာခဲ့ရင် သူတို့တွေလိုဘဲ ပြာယာခတ်နေမှာ…

အဆောင်နေကျောင်းသားအချို့က အခုထိ သူတို့ရဲ့အိတ်ကို သွားမယူရသေးဘူး။ ဒါက ကျောင်းပြင်ပကို ခရီးထွက်ခြင်းရဲ့ဆိုးကျိုးရလဒ်တွေပေါ့… ကျွန်တော်တို့က စာအမြဲလုပ်နေရတာကြောင့် အချိန်သိပ်မရှိပါ။ အရာအားလုံးကို အနီးကပ်မှ ဒီလိုမျိုး အမြန်လုပ်ရတာ…

'ကားတွေ ရောက်ပြီနော် အစ်ကိုတို့…'

Joက အတန်းတံခါးဝနားကနေ အော်ပြောလိုက်သည်။ အခု သူ့မှာ ချွေးတွေစိုနေတာကြောင့် ဒီကို ပြေးလာခဲ့ရတယ် ထင်သည်။ ဒါပေမယ့်လည်း သူ့ကို သနားရမယ့်အစား ရယ်ချင်နေမိသည်။

'အလျင်မလိုပါနဲ့ကွာ… မင်း အခြားသူတွေကို အရင်သွားစုလိုက်ပါဦး'

Nohက အော်ပြောလိုက်ကာ ဂျူနီယာကို လက်ပြပြီး အဝေးကို သွားခိုင်းလိုက်သည်။ သူကတော့ ဖုန်းထဲက ဂိမ်းကိုသာ ဆက်ပြီးဆော့နေမိသည်။

Joနဲ့ သူ့သူငယ်ချင်းတို့ ပြောနေတာကို ကျွန်တော် ကြားမိတာကတော့ အခြားနှစ်တွေအားလုံးက ကျောင်းသားတွေက အကုန် ကားဆီ သွားကုန်ကြပြီ။ အဲ့ဒါကြောင့် သူ လောနေတာဖြစ်ပြီးတော့ တီးဝိုင်းအဖွဲ့ကိုလည်း ထည့်သွင်း စဉ်းစားနေရတာကြောင့်ဖြစ်သည်။ Soloက လူအနည်းငယ်နဲ့ အဲ့နေရာမှာ ရှိနေတာကို ကျွန်တော် သိသည်။ ပြီးတာနဲ့ ကျွန်တော်တို့ ပိုက်ဆံနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမရှိတာတောင် ဘတ်ဂျက်ကို လျော့ချဖို့အတွက် ကားကို ဘယ်လိုခွဲကြမလဲဆိုတာ ဆွေးနွေးနေမိသည်။

'Hia… ထတော့လေဗျာ…'

(Hia=အစ်ကို=P' တရုတ်-ထိုင်းကပြားတွေကို ခေါ်တဲ့အခေါ်ပါ)

Noh ဂိမ်းဆော့နေတာကို ရပ်ဖို့ ဒူးထောက်ပြီး တောင်းဆိုနေတဲ့Joကို ကျွန်တော် ထိုင်ပြီး ကြည့်မိသည်။ အဲ့ဒီကောင်လေးက ကျွန်တော့်သူငယ်ချင်းကို ကန်တော့မတက်ဖြစ်နေတာကြောင့် ကျွန်တော် ရယ်သာရယ်လိုက်မိသည်။ ပြီးတော့လည်း Noh Beer Wineနဲ့ ကျွန်တော်တို့ကဘဲ ကားဆီ မသွားရသေးတာ…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Donde viven las historias. Descúbrelo ahora