အပိုင်း ၂၃

173 18 0
                                    

နောက်ဆုံးစာမေးပွဲနီးလာပြီဆိုတာက internအဖြစ် အလုပ်ဆင်းရဖို့နီးလာပြီဆိုတဲ့အဓိပ္ပာယ်ပင်… စာမေးပွဲကြီးပြီးသွားတဲ့အခါမှာတော့ internshipကာလအပြည့်ဆင်းဖို့အတွက် တစ်လလောက်လိုသေးတာကြောင့် ကောင်းကောင်းအနားယူလို့ရသည်။ အဲ့ဒီအားလပ်တဲ့အချိန်တွေကို Mae Yaiဆီ သွားဖို့အတွက်အသုံးချမယ်လို့ တွေးမိပေမယ့် ပြသာနာတစ်ခုပေါ်လာသည်။

ကျွန်တော်က ကျွန်တော့်စာမေးပွဲပြီးမယ့်နေ့မှာ သွားဖို့လုပ်ထားပေမယ့် Soloကတော့ သူ့ရဲ့ဖိုင်နယ်လက်တွေ့စာမေးပွဲအတွက် တစ်ပတ်လောက်လောက် ထပ်နေခဲ့ရဦးမည်။

'မျက်မှောင်ကြီးမကြုတ်ထားနဲ့လေ…'

ကျွန်တော် ပြောနေရင်းနဲ့ဘဲ မျက်မှောင်ကြုတ်ထားတဲ့ခွေးပေါက်လေးရဲ့ပါးပြင်လေး ညစ်လိုက်မိသည်။ သူ့ရဲ့မျက်နှာကတော့ တည်နေပြီး မကျေမနပ်ဖြစ်နေတဲ့ပုံကို ထင်ထင်ရှားရှားပြသနေတာ…

'စာမေးပွဲက တစ်ချိန်တည်းဖြေလို့မရဘူးလား'

'ဘယ်လို လုပ်ရမှာလဲ။ So နောက်မှ လိုက်လာလို့ရတယ်မှတ်လား'

'Guitarကို တစ်ယောက်တည်း မသွားစေချင်လို့…'

ကျွန်တော် သက်ပြင်းချလိုက်ပြီးတော့ ဘာမှမပြောဘဲနေမိသည်။ အရမ်းဝေးလံတဲ့ခရီးကို ကျွန်တော်တစ်ယောက်တည်း သွားရမှာမို့လို့ သူ ဘယ်လောက်ထိ စိတ်ပူနေမလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိသည်။ ကျွန်တော်လည်း သူ့လို ထပ်တူစိတ်ပူမိပါသည်။

'အစ်ကို အဆင်ပြေပါတယ်'

ကျွန်တော် ယုံကြည်ချက်ရှိရှိနဲ့ပြောလိုက်ပေမယ့်လည်း သူက မယုံကြည်တဲ့ပုံဖြစ်နေသည်။

'Guitar…'

Soloက သက်ပြင်းချလိုက်ပြီး သူ့ရဲ့Seat Beltကို ဖြုတ်လိုက်ကာ ကျွန်တော့်အနားသို့လာပြီး ကျွန်တော့်ရဲ့Seat Beltကိုလည်း ဖြုတ်ပေးလာသည်။ ကားမှန်က အရမ်းမှောင်နေတာကြောင့် အပြင်က လူတွေက အထဲကကျွန်တော်တို့ကို မမြင်ရတာဘဲ တော်သေးသည်။

'အင်း…'

'အစ်ကိုက အခြားသူတွေကိုဘဲ စိတ်ပူပေးတက်တယ်ဆိုတာကို အစ်ကို သတိထားမိလား'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now