အပိုင်း ၁၄

254 25 1
                                    

'အစ်ကို Soကို သဘောကျတယ်'

အမ်…

'အားးးးးး…'

'ငါ ဘာပြောလိုက်မိတာ… '

'အရမ်း စိတ်မထိခိုက်သွားနဲ့နော်…'

'မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်'

'ငါ့သူငယ်ချင်းက သာမန်တော့မဟုတ်ဘူးဘဲ…'

ကျွန်တော် ဘာမှမစဉ်းစားဘဲ ပြောလိုက်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို စနေတာတွေကို ကြားလိုက်ရတဲ့အခါမှာတော့ ရှက်မိသည်။

ကျွန်တော် ခေါင်းကိုသာ ကုတ်လိုက်ပြီးတော့ အသာလေးရယ်နေမိသည်။ သဘောကျတယ်လို့ အပြောခံထားရတဲ့ကောင်လေးကတော့ အခုထိ ဒီအတိုင်းရပ်နေတုန်း… ခဏအကြာအထိ သူ့ဘက်က ဘာစကားမှ ပြောမလာခဲ့…

'ဟေး!'

Kaoက အခုအချိန်ထိ အံ့သြနေတုန်းဖြစ်တဲ့Soloအနားသို့ လာပြီး ကျွန်တော့်ကိုပြုံးပြကာ သူ့သူငယ်ချင်းကို တံတောင်နဲ့တွတ်လိုက်သည်။

ကျွန်တော် မြင်နေရတဲ့အပြုံးလေးတစ်ခုက ထိုစကားကို ထပ်ပြောချင်လာအောင် လုပ်နေသည်။ Soloကတော့ ဘာတုန့်ပြန်မှုမှ မပေးတော့ဘဲ ပြုံးပြကာ ချက်ချင်း စင်အောက်သို့ ခုန်ဆင်းလာပြီး ကျွန်တော့်ရဲ့လက်မောင်းကို ဆွဲယူကာ ခေါ်သွားသည်။

ကျွန်တော့်ဘေးနားက ရပ်နေတဲ့Kရဲ့မျက်လုံးတွေကို တွေ့လိုက်ရတာကြောင့် ကျွန်တော် တောင်းပန်တဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ သူ့ကို ကျွန်တော် လက်မခံနိူင်ဘူးဆိုရင်တောင် သူက ကျွန်တော့်ရဲ့ဂျူနီယာဘဲလေ… သူက ကျွန်တော့်အပေါ် မကောင်းတာမျိုး လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့နှစ်ယောက်ကြားက ကောင်းတဲ့ဆက်ဆံရေးကို ကျွန်တော် ထိန်းသိမ်းချင်သည်။ Kကတော့ ဘာမှမပြောဘဲ ဝမ်းနည်းစွာနဲ့ ပြန်ပြုံးပြလာတာပေါ့…

'မင်း ငါ့သူငယ်ချင်းကို ဘယ်ကို ခေါ်သွားမလို့လဲ'

အနောက်ကနေ Nohအော်နေတာကို ကျွန်တော် ကြားလိုက်ရပေမယ့် စနေတဲ့အသံကို ကြားနေရသလိုမျိုး ခေါင်းကို ခါချလိုက်မိသည်။

ကျွန်တော့်ကို Soloက ဆွဲခေါ်သွားပြီး အမြန်လျောက်လာကာ တစ်နေရာရာသို့ ရောက်တဲ့အခါမှာ ကျွန်တော်တို့ ရပ်တန့်သွားသည်။ ကျွန်တော် နောက်လှည့်ကြည့်လိုက်တော့ လူတစ်ယောက်မှ မမြင်ရသလို Resortနဲ့လည်း အဝေးကနေ မြင်ရသလိုဖြစ်နေတာကြောင့် လျောက်လာတာ တော်တော်လုံလောက်နေပြီလို့ထင်မိသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now