အပိုင်း ၃၄

110 10 0
                                    

ကျွန်တော့်ရဲ့အချိန်အများစုကို ကလေးတွေကို စာသင်ရင်း ကုန်ဆုံးဖြစ်ခဲ့သည်။ ပထမဆုံးစသင်တဲ့နေ့တုန်းက ဘယ်လိုစသင်ရမယ်မှန်း မသိတာကြောင့် သုံးယောက်သား တိုင်တွေ ပတ်နေခဲ့တာ… ဒါပေမယ့် သုံးရက်လောက် အဲ့အတိုင်း ဖြတ်သန်းလာပြီးတဲ့အခါမှာ ကျွန်တော်တို့ ကောင်းကောင်းကိုင်တွယ်တက်သွားတယ်။ ကျွန်တော် မတူညီတဲ့ဘာသာရပ်တွေကို ခွဲပြီးသင်ပေးဖြစ်တယ်။ တကယ့်လက်တွေ့ဘဝမှာ အသုံးဝင်မယ့်အရာတွေနှင့် ဘာသာစကားနဲ့ပတ်သတ်တာတွေကိုသာ သင်ပေးခဲ့တာ… အခုဆို ကျွန်တော် ဒီရွာလေးကို ရောက်နေတာ တစ်ပတ်နီးပါးရှိနေပြီ။

'ဆရာ… ဘယ်အချိန်မှာ သားတို့က အင်္ဂလိပ်စကားကို သုံးရမှာလဲ'

N'Saoမေးတဲ့မေးခွန်းကို ပြန်ဖြေဖို့ Soloစဉ်းစားနေစဉ်မှာဘဲ Khun Jayက ပြန်ဖြေပေးလိုက်သည်။

'တစ်နေ့ကျရင် ကမ္ဘာလှည့်ခရီးသွားတွေက ဒီကို ရောက်လာကြမှာ… အဲ့အချိန်ကျရင် သားတို့အားလုံးက သားတို့မိဘတွေနဲ့ သူတို့တွေ စကားပြောတဲ့အခါကျရင် ကူပေးရမှာ…'

'သူတို့တွေက ထိုင်းစကားမပြောတက်ဘူးလား'

'ကမ္ဘာလှည့်ခရီးသွားတဲ့သူတွေက မတူညီတဲ့နိူင်ငံတွေကလာကြတာ… ပြီးတော့ အင်္ဂလိပ်ဘာသာစကားဆိုတာ ကမ္ဘာလုံးနီးပါး အသုံးပြုနေကြတဲ့ဘာသာစကားလေ…'

Khun Jayက တည်ငြိမ်စွာ ပြန်ဖြေလိုက်ပေမယ့်လည်း ကလေးတစ်အုပ်စုလုံးကို နားလည်အောင် ရှင်းပြဖို့အတွက် အချိန်အတော်ယူလိုက်ရသည်။

'ကလေးတွေ ခဏနားကြမယ်။ ကိုယ် စိုက်ထားတဲ့အပင်ကို ကိုယ့်ဘာသာတာဝန်ယူဖို့ မမေ့ကြနဲ့နော်…'

သူတို့ မေးနေတာတွေကို ရပ်သွားဖို့အတွက် အာရုံလွဲသွားအောင် လုပ်ပေးလိုက်သည်။ အဲ့ဒီတော့မှဘဲ Khun Jayက သက်ပြင်းချလိုက်မိပြီး ကျွန်တော့်ကို လှည့်ကြည့်ကာ ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းညိမ့်ပြနေသည်။

ကလေးတွေရဲ့စာသင်ခန်းဆိုတာက ရွာသားတွေ ဝိုင်းဆောက်ပေးထားတဲ့ဝါးတဲလေးဖြစ်ပြီး ထိုင်ခုံတွေမရှိ… ဝါးတွေနဲ့ လုပ်ထားတဲ့ စားပွဲဆယ်လုံးလောက်သာ ရှိသည်။ စာသင်ခန်းလေးက စိုက်ခင်းနဲ့ သိပ်မဝေးတဲ့တောင်ကုန်းထိပ်မှာ တည်ရှိတာကြောင့် ကျွန်တော် ခဏနားမယ်လို့ ပြောလိုက်တာနဲ့ သူတို့လေးတွေက စိုက်ခင်းထဲပြေးဆင်းကာ သူတို့စိုက်ထားတဲ့အပင်လေးတွေကို ဂရုတစိုက်နဲ့ ကြည့်ရှုစောင့်ရှောက်နေကြသည်။ သူတို့လုပ်နေတာလေးတွေကို ကြည့်ရင်း ကျွန်တော် ပီတီဖြစ်မိသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now