အပိုင်း ၂၂

175 15 0
                                    

ဒီဓာတ်လှေကားတွေက လိုအပ်တာထက်ပိုပြီး ကြီးမားကျယ်ပြန့်နေတယ်လို့ ကျွန်တော် တွေးဖူးသည်။ အထူးသဖြင့် Solo ကျွန်တော့်ကို နေ့တိုင်းခေါ်သွားနေကြ VIPဓာတ်လှေကားပေါ့…

ဒါပေမယ့် ဒီနေ့မှာတော့ အရမ်းကျဉ်းကြပ်နေပြီး ခြေချစရာမရှိတော့ဘူးတောင် ထင်နေမိသည်။ စောနက ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် အခုအချိန်မှာ ကသိကအောက်နှင့် နေရခက်တဲ့ ပတ်ဝန်းကျင်အနေအထားဖြစ်နေသည်။

Soloက ဓာတ်လှေကားအတွင်းဘက်ထောင့်နားလေးမှာ ရပ်နေသည်။ သူ့ရဲ့ဘေးမှာက ကျွန်တော်… သူ့ရဲ့မျက်နှာက စောနကအတိုင်း မပြောင်းလဲဘဲ အေးစက်စက်ပုံစံဖြစ်နေပြီး သိပ်အခြေအနေမကောင်းတဲ့အငွေ့အသက်တွေ ထုတ်လွှင့်နေတယ်လို့ ကျွန်တော် ခံစားလာရသည်။ ဓာတ်လှေကားရဲ့တစ်ဖက်ခြမ်းမှာတော့ Khun Jayက ဓာတ်လှေကားနံရံကို မှီပြီး တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသည်။ ကျွန်တော်က သူတို့နှစ်ယောက်ကြားထဲမှာ ရပ်နေတဲ့ကြားလူဖြစ်နေသည်။

အမှန်တိုင်းပြောရရင် အခုလိုမျိုး ကမောက်ကမအဖြစ်အပျက်ကြီးကြောင့် ကျွန်တော် ဘာမှမပြောနိူင်ဘဲ ဆွံ့အနေမိသည်။

'အစ်ကို ဘယ်အထပ်မှာနေမှာလဲ မသိဘူး'

ကျွန်တော် တိတ်ဆိတ်မှုကို ဖြိုခွဲတဲ့အနေနဲ့ Khun Jayကို မေးလိုက်မိသည်။ ကျွန်တော်တို့နဲ့ အထပ်အတူတူဘဲလို့တော့ ပြောလာရင် ဒါက အမှန်မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့အထပ်တစ်ခုလုံးက ခွေးပေါက်စလေးရဲ့သီးသန့်နေရာဖြစ်ပုံရသည်။ ကျွန်တော်တို့အခန်းရဲ့မျက်နှာချင်းဆိုင်မှာ အခန်းတစ်ခုရှိတယ်ဆိုပေမယ့် လူနေတာကို မတွေ့ရဘူး။

'အောက်ထပ်မှာပါ' သူက လှည့်လာပြီးတော့ ခပ်မှိန်မှိန်အပြုံးလေး ပြုံးပြလာသည်။ ဓာတ်လှေကားက သူနေတဲ့အထပ်သို့ ရောက်တဲ့အခါမှာတော့ တံခါးက ပွင့်သွားသည်။ 'ဒီအထပ်လေ…'

'ဘာလို့ ဒီကို ပြန်လာတာလဲ' ကျွန်တော်တစ်ယောက်တည်း ရပ်တန့်သွားတာမဟုတ်… ဓာတ်လှေကားထဲကနေ ထွက်ဖို့လုပ်နေတဲ့ Khun Jayရဲ့ခြေလှမ်းတွေကလည် ရပ်တန့်သွားပုံရသည်။ ပြီးတဲ့အခါ သူက အနောက်သို့ လှည့်လာပြီးတော့ ကျွန်တော့်ဘေးနားက Soloရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now