အပိုင်း ၃

405 52 0
                                    

8:00 AM

'Ai'Gui! ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ' Rayက ခန်းမကြီးရဲ့ဝင်ပေါက်လောက်ကတည်းက တစ်လျောက်လုံးအော်ပြီးပြေနေတာကြောင့် လူတိုင်းက လှည့်ပြီး ကြည့်နေကြသည်။ ကျွန်တော် အရမ်းရှက်မိပြီးတော့ သူ နောက်ထပ်မအော်ခင် သူ့ဆီ ပြေးကာ သွားလိုက်ကာ…

'ဒီနေ့ ကော်ဖီဆိုင်ပိတ်တယ်။ အဲ့ဒါကြောင့် ဒီကို ကူဖို့လာတာ'

'ဟင်? ဒီလေးနှစ်အတွင်းမှာ မင်း ကော်ဖီဆိုင်ကို ပိတ်ထားတယ်ဆိုတာ ဒီနေ့မှဘဲ ကြားဖူးတော့တယ်။ ထူးခြားတဲ့အကြောင်းပြချက်တော့ ရှိရမယ်' သူ့ရဲ့အသံက ကျွန်တော့်ကို နောက်နေတဲ့အသံဖြစ်နေတာကြောင့် ကျွန်တော် သဘောမကျတာကို ပြဖို့အတွက် သူ့ခေါင်းကို တွန်းထုတ်လိုက်သည်။

'ငါ ဂျူနီယာတွေကို လာတွေ့လို့မရဘူးလား'

'အဲ့တော့… မင်းက မင်းဌာနက ဂျူနီယာလေးကို လာတွေ့တာလား။ ဒါမှမဟုတ် ဂီတမေဂျာက ကောင်လေးကို လာတွေ့တာလား'

'မင်း ငါ စောင့်ကန်တာကို ခံချင်နေပြီလား'

ကျွန်တော် စကားပြောပြီးတာနဲ့ Rayကတော့ ခန်းမကြီးထဲကို ပြေးကာ ဝင်သွားခဲ့သည်။

ကျွန်တော် သက်ပြင်းချလိုက်ကာ ခန်းမထဲသို့ ဝင်လာခဲ့သည်။ ဒုတိယနှစ် တတိယနှစ်အတွက် ဆိုင်းပိုဒ်လေးတွေ ချိတ်ဆွဲထားသည်။ ပြီးတော့ Staffအဖွဲ့တွေကတော့ ပွဲဖြစ်မြောက်ရေးအတွက် အသေအချာ ကြီးကြပ်စီစဉ်နေကြသည်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အင်ဂျင်နီယာမေဂျာက ဂျူနီယာလေးတွေကို မြင်တော့ သူတို့က ကျွန်တော့်ဆီလှည့်ပြီး နှုတ်ဆက်ကြသည်။ အလုပ်ကိုယ်စီဖြစ်နေကြတဲ့ အဖွဲ့တွေကပါ ကျွန်တော့်ကို ကြည့်ပြီး နူတ်ဆက်လာတာကြောင့် ဒါက သူတို့အတွက် အလုပ်ရှုပ်နေတဲ့ကြားထဲ ဝင်နှောက်ယှက်နေသလို ဖြစ်သွားကြောင်း ကျွန်တော် သိလိုက်ရသည်။ အဲ့ဒါကြောင့် ကျွန်တော်နဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ Ginနဲ့စကားပြောနေတဲ့ Rayဆီ သွားလိုက်သည်။

'ဘာကူပေးရမလဲ'

ကျွန်တော် Ginကို နှုတ်ဆက်လိုက်သည်။ ပြိုင်ပွဲမစခင်မှာ စိုးရိမ်နေတဲ့ပုံပေါက်နေတဲ့ သူငယ်ချင်းဖြစ်သူနား သွားလိုက်ပြီးတော့…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now