Special Chapter: Solo×Gui 1

350 16 0
                                    

Solo စိတ်ညစ်နေတာ…

Guitarက ဘာကြောင့် အဲ့ဒီပွဲကို မဖြစ်မနေတက်ရမှာလဲဆိုတာကို သူ နားမလည်နိူင်ဘူး။ Guitarကို နေ့တိုင်းမြင်နေရတာတောင် မရိုးနိူင်တဲ့အပြင် သူ့တစ်ယောက်တည်းအတွက်ပဲ ထည့်သိမ်းထားချင်နေတာ… Guitarကို အလုပ်ကနေ ထွက်သွားပြီး အနားယူသွားရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သူ မသိဘူး။

သူ့ရဲ့အဖေက နောက်လေးရက်မြောက်မှာ လုပ်မယ့် RKကုမ္ပဏီရဲ့ လုပ်ငန်းသစ်မိတ်ဆက်ပွဲအခမ်းအနားရဲ့အစီစဉ်နဲ့ပတ်သတ်ပြီး သူနဲ့ သူ့ရဲ့Guitarကို တာဝန်ယူခိုင်းလာတာ… အခြားကြောင့်တော့ မဟုတ်ပါဘူး။ သူ အခုလို စိတ်ညစ်နေရတာက သူ့ရဲ့Guitarက အလုပ်တွေ အသေအလဲလုပ်ရတော့မှာလေ… အဲ့ဒီနောက် ဘာဆက်ဖြစ်မလဲဆိုတာကို အားလုံးသိကြမှာပဲ… အလုပ်များတယ်ဆိုတော့ ဖုန်းနဲ့အဆက်အသွယ်ကလည်း နည်းလာမှာ… အဲ့ဒါကိုပဲ နေသားကျအောင် နေထိုင်ရတော့မှာပေါ့… ဘာလို့လဲဆိုတော့ သူကလည်း ကျောင်းမပြီးသေးဘူး။ စီးပွားရေးမေဂျာမှာ မာစတာဘွဲ့တက်နေတဲ့သူက အရင်ဆုံး သူ့ရဲ့အဖေအတွက် အလုပ်လုပ်ပေးရတာ… အဲ့လို အလုပ်တွေပဲ သွားနေတာဆိုတော့ သူတို့ တွေ့ချိန်က နည်းနည်းလာပြီ။

အဲ့ဒီအကြောင်းကို တွေးလိုက်တိုင်း စိတ်ညစ်နေတာက ပိုပိုပြီး ဆိုးရွားလာခဲ့သည်။

'မျက်မှောင်မကြုတ်ထားနဲ့လေ…' Guitarက သူ့ရဲ့မျက်ခုံးနှစ်ခုကြားထဲ လက်လှမ်းလာပေမယ့် သူက အဲ့လက်လေးကို ဖမ်းယူပြီးတော့ မျက်မှောင်ကြုတ်ထားလိုက်တာ…

'ကျွန်တော် Guitarကို မသွားစေချင်ဘူး'

'အဲ့ဒါဆို Soက တစ်ယောက်တည်း သွားမလို့လား'

'အင်း…'

Guitarကို လူတွေ ကြည့်နေမှာထက်စာရင်တော့ သူတစ်ယောက်တည်းသွားတာက ပိုကောင်းတယ်လေ…

'တကယ်ကြီး ရင့်ကျက်လာပြီပဲ…' Guitarက ရယ်မောပြီးတော့ သူ့ရဲ့လက်ကို ဆွဲကာ ကားနားခေါ်သွားလိုက်သည်။

'Guitar ဘာပြောတာလဲ'

'အရင်တုန်းကသာဆိုရင် Soက 'ကျွန်တော်လည်း မသွားတော့ဘူး'လို့ အစ်ကို့ကို ပြောလာမှာလေ… အခုလို တစ်ယောက်တည်း သွားမယ်လို့ ပြောမှာ မဟုတ်ဘူး'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now