အပိုင်း ၈

289 41 1
                                    

'အတန်းပြီးသွားရင် မင်းဘယ်သွားမယ်လို့ ပြောလိုက်တာလဲ'

'ကျောင်းက ဓာတ်ပုံရိုက်ကွင်းကိုလေ…'

ကျွန်တော် Ai'Nohကို အမှန်အတိုင်းဖြေလိုက်သည်။ သူက ညနေခင်းလောက်ကျရင် တိကုမေဂျာဘက်ကို သွားဖို့အတွက် အဖော်ခေါ်နေတာ… အကြောင်းကတော့ သူ့ရဲ့ချစ်သူကို သွားရှာချင်ပေမယ့် လူတွေကြားထဲ ပေါ်ပေါ်ထင်ထင်ကြီး မဖြစ်ချင်လို့တဲ့… တကယ်လို့ သူတစ်ယောက်တည်းသာ သွားမယ်ဆိုရင် လူတွေက အမြဲတမ်းသူ့ကိုလာပြီး စကားပြောကြလိမ့်မည်။ အထူးသဖြင့် သူ့ကို တိုက်ခိုက်ဖို့ ရန်လိုနေကြတဲ့ကောင်လေးတွေပေါ့… သူက အရမ်းချစ်စရာကောင်းအောင် လုပ်ပြနေတာကြောင့် ကျွန်တော် သူ့ကို သနားတယ်လို့ ခံစားရမယ့်အစား ရယ်ဘဲရယ်နေမိသည်။

'မင်းက ဘာလို့ သွားမှာလဲ။ အဲ့ဒါက ဒီနှစ်ရဲ့Starတွေ Moonတွေနဲ့ ဓာတ်ပုံကလပ်ကသူတွေနဲ့ ပေါင်းလုပ်တဲ့အလုပ်…' Ai'Nohက ပြောနေရင်းရပ်သွားကာ မျက်နှာပြောင်နေသလိုမျိုး မျက်လုံးတွေကို ကျဉ်းပစ်လိုက်သည်။

'မင်း ဘာကို ကြည့်နေတာလဲ'

'အမ်… ဒီအတိုင်းပါဘဲ…'

ကျွန်တော် သူ့ကို ဂရုမစိုက်တော့ဘဲ ဆရာမ စာသင်နေတာကိုဘဲ လိုက်နားထောင်မိသည်။ ကျွန်တော်က စာလုပ်နေတဲ့အချိန်မှာ စကားပြောရတာ မကြိုက်ဘူးဆိုတာကို Ai'Nohက သိနေတာကြောင့် သူလည်း တစ်ဖက်သို့လှည့်သွားပြီး စာသင်ချိန်ပြီးမယ့်အချိန်ကိုသာ စောင့်နေလိုက်သည်။

ရှည်လျားလှတဲ့ စာသင်ချိန်ကြီး…

'ကျောင်းက Moonကြီးက ဘယ်လိုလဲ'

အတန်းထဲက ဆရာမထွက်သွားတာနဲ့ မေးခွန်းမေးဖို့အတွက် ထိုအခွင့်အရေးကို စောင့်နေတဲ့ ချစ်လှစွာသောသူငယ်ချင်းရဲ့အသံက အရမ်းကျယ်လောင်စွာ ထွက်လာသည်။ Beerနဲ့ Wineတို့ ဒီနေ့ ကျောင်းမလာတာဘဲ ကောင်းသွားတာ… မဟုတ်ရင် ကျွန်တော့်စိတ်တွေ ရှုပ်ထွေးလာတဲ့အထိ စစ်လား မေးလားလုပ်ခံရမှာ…

'မင်း ဘာကို ပြောချင်တာလဲ'

'Ai'Gui' Nohရဲ့အသံက တကယ့်ကို အတည်ပေါက်ပြောတော့မယ့်အသံသို့ ပြောင်းသွားတာကြောင့် ပစ္စည်းသိမ်းတာတွေကို ရပ်လိုက်ပြီးတော့ သူ့ဘက်လှည့်ကာ စကားပြောဖို့လုပ်လိုက်သည်။ 'မင်း သိတယ်မှတ်လား။ ငါနဲ့ Sunတုန်းကလည်း ဒီလိုပုံစံမျိုးဘဲ ဖြစ်ခဲ့တာ… ငါတို့ အများကြီး အများကြီးကို ဖြတ်ကျော်ခဲ့ရတယ်'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Tempat cerita menjadi hidup. Temukan sekarang