အပိုင်း ၁၅

257 23 1
                                    

ကျွန်တော် ကျွန်တော့်ရဲ့နူတ်ခမ်းကို လက်ကလေးနှင့် အသာလေးထိတွေ့လိုက်မိသည်။ ကြာနေပြီဆိုသော်လည်း စောနလေးတင်မှ ဖြစ်ပျက်သွားသလိုမျိုး ခံစားနေရသည်။ နွေးထွေးတဲ့အထိအတွေ့က အခုထိ မမှေးမှိန်သေးဘဲ စွဲကျန်ရစ်နေတုန်း...

ဘယ်တော့မှ ပြောင်းလဲလို့မရနိူင်မယ့် တံဆိတ်တုံးကို ရိုက်နှိပ်ခဲ့သလိုပင်...

သူ ဘယ်နှစ်ကြိမ်နမ်းခဲ့ဖူးလဲဆိုတာ ကျွန်တော် မသိပေမယ့် ဒါက ကျွန်တော့်အတွက် ပထမဆုံးအနမ်းဖြစ်သည်။

ကျွန်တော် ပတ်ဝန်းကျင်ကို ငေးကြည့်နေရင်း အကြည့်က ရေကန်ရဲ့တစ်ဖက်ခြမ်းသို့ ရောက်သွားတဲ့အခါမှာ ရပ်လိုက်မိသည်။ ဂီတမေဂျာက တီးဝိုင်းအဖွဲ့နှင့်အတူ ဂီတာတီးနေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရသည်။ Soloကတော့ ဂစ်တာတီးနေရင်းနဲ့ဘဲ ကျွန်တော့်ကို ကြည့်နေသည်။ ဒါပေမယ့် သူ့ရဲ့ခပ်ပါးပါးအပြုံးလေးနှင့် ကျွန်တော့်ကို ကြည့်နေတဲ့အကြည့်တွေကြောင့် ပူလာသလို ခံစားလာရသည်။

အရူးလိုဘဲ... ဘာလို့ နူတ်ခမ်းကို အခုထိကိုင်နေမိတာလဲ။

ရယ်ချင်နေတဲ့ကောင်လေးကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အကြည့်တွေကို လွှဲပစ်လိုက်သည်။ ကျန်တဲ့သူတွေက မူးရူးနေကြပြီး ဘာမှပြန်မပြောလာတာဘဲ တော်သေးသည်။

Soloနဲ့ ကျွန်တော် ပြန်လာတဲ့အခါမှာတော့ သူတို့က ရေကန်ဘေးနားမှာ စပြီး သောက်နေကြပြီလေ... ကျွန်တော်တို့ သူတို့ဆီ သွားလိုက်တဲ့အခါမှာ မူးနေတဲ့ဂီတမေဂျာက ကောင်လေးတစ်ယောက်က Soloကို ဆွဲခေါ်သွားပြီးတော့ ဂစ်တာတီးခိုင်းခဲ့သည်။ ကျွန်တော်ကကျတော့ Nohကို ရှာလို့မတွေ့တာကြောင့် ရေကန်ဘေးနားမှာဘဲ အေးဆေးထိုင်လို့ရခဲ့သည်။

တကယ်ဘဲ... ကျွန်တော့်သူငယ်ချင်းသုံးယောက်စလုံး ဘယ်ကို ပျောက်ကုန်ကြတာလဲ။

'ဟ... Ai'Gui'

ကျွန်တော် သူတို့အကြောင်းတွေးနေရုံဘဲရှိသေးတယ်။ သူတို့က ကမ်းခြေဘက်ကနေ အတန်းလိုက် လမ်းလျောက်လာသည်။

ဒါနဲ့ အဲ့ဒါ Kaoမဟုတ်ဘူးလား။

'မင်းတို့...'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now