Special Part-1 (Solo)

378 34 1
                                    

'သားကိုတော့ သူလေ့လာချင်တဲ့မေဂျာကိုဘဲ လေ့လာခိုင်းပါ'

အရမ်းနာမည်ကြီး ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာတဲ့Solo Siwarokinကို ထားမသွားခင်မှာ နောက်ဆုံးအနေနဲ့ တောင်းဆိုခဲ့တဲ့ အမေ့ရဲ့ဆန္ဒဖြစ်သည်။ သူ့ရဲ့မိသားစုက ထိုင်းနိူင်ငံအနှံ့အပြားအပြင် နိူင်ငံတော်တော်များများရဲ့ ဟိုတယ်လုပ်ငန်းတွေကို ဖြန့်ကျက်ဦးဆောင်နေတာ… သူ အထက်တန်းကျောင်းအောင်ပြီးသွားတဲ့အခါမှာတော့ သူ့အမေတက်သွားတဲ့တက္ကသိုလ်မှာဘဲ တက်ဖို့အတွက် မိခင်နိူင်ငံကို သူ ပြန်လာခဲ့သည်။ သူ့ရဲ့အဖေကတော့ နိူင်ငံခြားမှာဘဲ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေတာ…

သူ ဂီတပညာကို သင်ယူဖို့ဆုံးဖြတ်ခဲ့သည်။ သူ ငယ်ငယ်ကတည်းက ဂီတာအမျိုးမျိုးရဲ့အခြေခံတီးနည်းတွေကို သင်ယူတက်မြောက်ထားပြီးသား… အမေ့ရဲ့နောက်ဆုံးတောင်းဆိုချက်အရ သူ့ရဲ့အဖေက သူ့ကို ဒီမေဂျာကို ရွေးချယ်ခွင့်ပေးခဲ့သည်။ ဒါပေမယ့် အဆုံးမှာတော့ သူ့မိသားစုရဲ့စီးပွားရေးကို သူဘဲ ဆက်လုပ်ရမှာပါဘဲ…

အားလုံးရဲ့ မျှော်လင့်ချက်ကြီးကြီးမားမားတွေက Soloပေါ်ကျရောက်နေသည်။ ဘာလို့လဲဆိုတော့ သူက Siwarokinမိသားစုရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့အပြင် တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူဖြစ်နေလိုဘဲ…

လွန်ခဲ့တဲ့လေးနှစ်…

အမေဆုံးပါးသွားတဲ့အချိန်မှာတော့ သူလုံးဝပျော်ရွင်မှုဆိုတာကို မခံစားရတော့ပါ။ သူ အမေနဲ့ရှိနေတုန်းကလိုမျိုး သူ လုံးဝမပြုံးတော့သလို မရယ်မောခဲ့မိတော့… အဖေဖြစ်သူကလည်း အမြဲတမ်းအလုပ်နဲ့ဘဲ မအားဖြစ်နေတာကြောင့် သူ့အဖေကို သူ လုံးဝစိတ်မဝင်စား… အမေသေသွားတဲ့အချိန်မှာတောင် အဖေက အလုပ်လုပ်တာကို မရပ်ခဲ့ပါ။ အဖေက သူနဲ့အမြဲတမ်း ဘာလို့ ရှိမနေနိူင်တာလဲဆိုတာကို နားမလည်ခဲ့မိဘူး။ ပြီးတော့ သူ့ဘေးနားမှာ အမေက အမြဲတမ်းရှိနေတာကြောင့် အဲ့အဖြေကို ရှာဖို့အတွက်လည်း မကြိုးစားမိခဲ့ဘူး။

အမေသေသွားတဲ့နေ့တုန်းက သူ သူ့အမေရဲ့အုတ်ဂူရှေ့မှာ အမေကြိုက်တဲ့နှင်းဆီဖြူလေးကို ကိုင်ပြီး မတ်တပ်ရပ်နေမိသည်။ သူ့ရဲ့မျက်လုံးထဲက မျက်ရည်တစ်စက်မှ မထွက်လာခဲ့ပါ။ ငိုချင်နေတဲ့ဆန္ဒရှိရင်တောင် သူ အဲ့အချိန်မှာ ဝမ်းနည်းခြင်းဆိုတာကို မခံစားမိ… သူ့စိတ်ထဲမှာ ဗလာသာရှိနေပြီး ဘာဆိုဘာမှမစဉ်းစားမိ… သူ့အဖေက ဘာမှမပြောဘဲ ထွက်သွားတာတောင်မှ သူ အုတ်ဂူကိုသာ ငြိမ်သက်စွာ ငေးကြည့်နေမိသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now