အပိုင်း ၁၉

216 24 0
                                    

'So...'

ရေချိုဖို့အတွက် ရေချိုးခန်းထဲသွားနေတဲ့ကောင်လေးကို ကျွန်တော် လှမ်းခေါ်လိုက်သည်။ အချိန်အတော်ကြာစဉ်းစားခဲ့တာဖြစ်ပြီး အခုအချိန်က ပြောဖို့အချိန်ကောင်းလို့ ထင်မိတာကြောင့် ပြောလိုက်သည်။ သူ ကားမောင်းတဲ့အချိန်တိုင်း ကျွန်တော် အဲ့ကိစ္စကို တွေးမိနေတာ... ကားမောင်းတက်တဲ့သူတွေကို မြင်လေလေ... ကျွန်တော် ဒီကိစ္စကို ပိုပြီးတွေးမိလေလေဖြစ်သည်။

'ဟုတ်...'

'အစ်ကို ကားမောင်းသင်ရင် ကောင်းမလားလို့...'

တကယ်တော့ အခုထိဆိုရင် အဲ့ကိစ္စကို တွေးနေမိတာ အကြိမ်ပေါင်းများစွာရှိနေပြီ။ အစကတော့ သင်ဖို့အချိန်မရှိတာရယ် မောင်းစရာကားကလည်း မရှိတာကြောင့် မလိုဘူးလို့ ကျွန်တော် တွေးမိပေမယ့် ဒီလိုမျိုး အတူတူနေလာရတဲ့အခါမှာတော့ Soloချည်းဘဲ တစ်ချိန်လုံး မောင်းပို့နေရတာကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်လာတာ...

'Soနေမကောင်း ထပ်ဖြစ်တဲ့အခါကျရင် ဘာမှမလုပ်တက်မကိုင်တက်တဲ့သူလိုမျိုး အစ်ကို မဖြစ်ချင်ဘူး'

အဲ့အကြောင်းကို မပြောဘူးဆိုရင်တောင်မှ အရင် Soloနေမကောင်းဖြစ်တဲ့ပုံစံံက ကျွန်တော့်မှတ်ဉာဏ်ထဲမှာ စွဲကျန်ရစ်နေတုန်းဖြစ်သည်။ အဲ့အချိန်တုန်းက Kaoနဲ့ Jediသာ မရှိရင် သေချာပေါက် ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိမှာမဟုတ်... ကျောင်းရှေ့ကနေ တက္ကဆီဌားပြီး Soloကို အိမ်ပြန်ဖို့ကျတော့ ခက်ခဲလိမ့်မယ်လို့ ထင်မိသည်။ အဲ့ဒါကြောင့် ကားမောင်းတက်တာက ပိုပြီးကောင်းမယ်လို့ ကျွန်တော် တွေးလိုက်မိတာ...

အရာအားလုံးအပေါ် သူ မှီခိုအားထားနိူင်မယ့်သူတစ်ယောက်လို ကျွန်တော်ဖြစ်ချင်သည်။

'ဒီတိုင်းလေးလည်း ရပါတယ်...' Soloက ပြုံးပြပြီးတော့ ထမင်းစားစားပွဲကို မှီပြီးရပ်နေတဲ့ကျွန်တော့်ဆီသို့ လျောက်လာသည်။ 'ဒါပေမယ့် Guitarက တကယ်သင်ချင်တယ်ဆိုရင် ကျွန်တော် သင်ပေးမယ်'

'အင်း... Soအားရင် အစ်ကို့ကို နည်းနည်းစီသင်ပေးလေ'

သူ ဘယ်အချိန်အားမလဲဆိုတာ ကျွန်တော် မသိတာပေမယ့်လည်းပေါ့...

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now