အပိုင်း ၃၇

135 9 0
                                    

တောင်တက်သွားကြတဲ့သူတွေတိုင်း အမြဲတမ်းပြောနေကြတဲ့အရာက နေဝင်၊ နေထွက် ရှုခင်းအကြောင်းပင်... အဲ့ဒီလူတိုင်းပြောနေကြတဲ့အရာကို ကြည့်ချင်နေတဲ့လူတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ဖြစ်သည်။ ဒါပေမယ့် ဒီတောင်ပေါ်ကို ကျွန်တော်က ခရီးထွက်လာတာမဟုတ်တဲ့အတွက်ကြောင့် အဲ့ဒါကို လုံးဝမေ့နေတာ... ကျွန်တော် ဒီမှာ အကြာကြီးနေခွင့်ရခဲ့ပေမယ့်လည်း နေထွက်တာကော နေဝင်တာကော တစ်ခါမှ သေချာမမြင်လိုက်ရဘူး။ မြို့ပေါ်မှာနေတဲ့ ကျွန်တော်တို့လို လူတွေက အခွင့်ရေးရှိတာနဲ့ သဘာဝတရားကြီးအလှတရားကို ကြည့်သင့်သည်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ကျွန်တော် မကြည့်လိုက်ရဘူးဆိုတာကို တွေးနေမိတဲ့အချိန်မှာ ကျွန်တော့်ဘေးနားမှာ ရပ်နေတဲ့လူတစ်ယောက်က ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်လာသည်။

အခု ကျွန်တော်နဲ့ Soloတို့က ရွာသားတွေနဲ့ ပထမဆုံးစတွေ့တဲ့နေရာမှာ ရပ်နေကြတာ... အခု ကျွန်တော်တို့ရဲ့ကျောပိုးအိတ်တွေကို Soloက လွယ်ထားသည်။

'ကျွန်တော်တို့ ဒီနေရာမှာ ခဏလောက်အချိန်ဖြုန်းလည်း အဆင်ပြေတယ်နော်'

'ဒါပေမယ့်...'

'နေထွက်လာပြီ'

Soloက ကျွန်တော့်ကို သတိပေးလာပြီးတော့ သူ့ရဲ့မျက်ဝန်းတွေက နေမင်းကြီးထွက်လာတဲ့ မိုးကုတ်စက်ဝိုင်းကို ငေးကြည့်နေတယ်။

အရင်တုန်းက တစ်ခါမှမမြင်ဖူးတဲ့ လှပတဲ့သဘာဝရှုခင်းကို ကျွန်တော် လှည့်ကြည့်လိုက်မိသည်။ အဲ့ရှုခင်းက အရမ်းလှတာဘဲ… ကလေးတွေက ဖြတ်သွားဖြတ်လာလုပ်နေတဲ့အချိန် ကျွန်တော့်ကို မြင်သွားမှာကို ကြောက်မိတဲ့စိတ်တွေက ကျွန်တော့်ရဲ့စိတ်တွေက လုံးဝပျောက်ကွယ်သွားသည်။ ကျွန်တော်တို့ အဲ့နေရာမှာရပ်ပြီး နေထွက်တဲ့ရှုခင်းကို ဘယ်လောက်ကြာတဲ့အထိ ငေးကြည့်နေမိမှန်းမသိ... ကျွန်တော့်ဘေးနားက ကောင်လေးက ကျွန်တော့်ရဲ့လက်ကို ဆုတ်ကိုင်ပြီး ခေါင်းညိမ့်ပြလာတာကြောင့် အသိစိတ်ပြန်ဝင်လာခဲ့သည်။

သွားဖို့ အချိန်ကျပြီ...

ကျွန်တော်တို့ လျောက်လာခဲ့တဲ့လမ်းလေးကို နောက်ဆုံးအနေနဲ့ လှည့်ကြည့်လိုက်မိသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့နဲ့ ထိုရွာလေးရဲ့ကြားထဲက သံယောဇဉ်တွေက အလွယ်တကူကြီးမားလာခဲ့တာ… အခု ဒီရွာလေးမှာရှိတဲ့လူတွေအားလုံး ပျော်ရွင်ကြပြီး ကောင်းမွန်တဲ့ဘဝတွေ ရရှိပါစေလို့ဘဲ ကျွန်တော် ဆုတောင်းနေမိသည်။

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now