အပိုင်း ၄၁

177 11 0
                                    

'ကျွန်တော် တောင်းပန်ပါတယ်'

'အင်းပါ'

'ကျွန်တော် တောင်းပန်ပါတယ်'

'အစ်ကို ခွင့်လွှတ်ပေးပြီးသားလေ...'

ကျွန်တော် ရယ်လိုက်ပြီးတော့ ကလေးဆန်တဲ့ခွေးပေါက်လေးရဲ့ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ခွေးပေါက်လေးက ဒီစကားကိုဘဲ ဆယ်ကြိမ်လောက် ထပ်ခါထပ်ခါပြောနေတာကို… ဘယ်သူက စိတ်ဆိုးနိူင်မှာလဲ။

'ဒါပေမယ့် ကျွန်တော်...'

Soloက ဆက်ပြောဖို့လုပ်လိုက်ပေမယ့် သူ့စကားမဆုံးခင်လေးမှာ ကျွန်တော် သူ့ရဲ့ခေါင်းလေးကို ဆွဲယူလိုက်ပြီး နှဖူးချင်း ထိတွေ့ထားလိုက်သည်။

'အစ်ကို Soကို အားသွင်းပေးမယ်'

ကျွန်တော်ရဲ့ခွန်အားတွေကို တကယ်သွင်းပေးလိုက်သလိုမျိုး မျက်လုံးတွေကို မှိတ်ထားလိုက်တာကြောင့် ခွေးပေါက်လေး ခပ်တိုးတိုးလေးရယ်လာသည်။ သူက သူ့ရဲ့လက်နှစ်ဖက်လုံးနဲ့ ကျွန်တော့်ရဲ့မျက်နှာကို ထိတွေ့လာကာ သူ့ရဲ့နှဖူးလေးက ကျွန်တော့်ရဲ့နှဖူးလေးကို အပြည့်အဝမှီတင်လာတယ်။ ကျွန်တော်တို့ အခု တစ်ယောက်ရဲ့ခွန်အားပေါ် တစ်ယောက်မှီခိုနေကြသလိုပေါ့...

'အစ်ကို အရမ်းပင်ပန်းနေတာလား'

Soloမေးလာတဲ့အခါမှာ ကျွန်တော်ရဲ့မျက်လုံးတွေကို ဖွင့်လိုက်ပြီးတော့ စိတ်ပူနေတဲ့ကောင်လေးရဲ့မျက်နှာကို နူးညံ့တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။

'အရမ်းပင်ပန်းနေတာ...' ကျွန်တော် အမှန်တိုင်း ပြောလိုက်သည်။ 'ဒါပေမယ့် အများကြီးသင်ယူခဲ့ရတာတွေရှိတော့ ပျော်ဖို့ကောင်းတယ်'

'ကျွန်တော် တောင်းပန်ပါတယ်'

ခွေးပေါက်လေးရဲ့မျက်လုံးတွေက မျက်ရည်တွေနဲ့ ဝိုင်းနေပြီး ခေါင်းငုံ့ထားကာ ကျွန်တော့်ရဲ့မျက်နှာကို လုံးဝကြည့်မနေ...

'Soကြိုးစားနေတယ်ဆိုတာ အစ်ကို သိပါတယ်' အချင်းချင်းမှီထားကြတဲ့နှဖူးတွေကို ခွာလိုက်ကာ သူ့ရဲ့လက်နှစ်ဖက်လုံးကို ကျွန်တော် ဆုတ်ကိုင်လိုက်ပြီးတော့ အသာလေးလှုပ်လိုက်သည်။ 'အစ်ကိုလည်း ကြိုးစားနေပါတယ်'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now