အပိုင်း ၄၃ (ဇာတ်သိမ်းပိုင်း)

388 19 0
                                    

Soloရဲ့ကျောင်းပိတ်ရက်မှာ ကျွန်တော်အပြင် ကျွန်တော်တို့နဲ့အတူ သက်ရှိအရာတစ်ခုပါ လိုက်ပါလာခဲ့သည်။ သူ့ကိုတော့ ဘောလုံးလေးလို့ဘဲ ခေါ်ကြတာပေါ့… ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လေယာဉ်ဆိုက်ပြီး ကားပေါ်စတက်တဲ့အချိန်ကစပြီး သူ့တစ်ကိုယ်လုံးကို စောင်ထဲသို့ တိုးဝင်ကာ ဘောလုံးလေးတစ်လုံးလို လိပ်ထားတာကြောင့် ဖြစ်သည်။

အစကတော့ အိပ်ဘဲအိပ်နေတဲ့ဘောလုံးလေးက ကျွန်တော်တို့နဲ့ ဘာလို့လိုက်လာတာလဲဆိုတာ ကျွန်တော် စဉ်းစားလို့မရ… ဒါပေမယ့် သူ့ရဲ့အပြုအမှုလေးတွေကို ဒီအတိုင်း ကြည့်လိုက်ရုံနဲ့တင် သူ ဒီခရီးကို မလိုက်ချင်ဘူးဆိုတာ ထင်ထင်ရှားရှားပင်… အဲ့ဒါနဲ့ Soloက အဲ့ဘောလုံးလေးကို အတင်းဂုတ်ကနေဆွဲပြီး ကားထဲ ဆွဲထည့်နေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အဖြေရသွားခဲ့သည်။

တကယ်တော့ ခွေးပေါက်လေးက အဲ့ဒီဘောလုံးလေးကို တွန်းအားပေးပြီး လိုက်ခိုင်းခဲ့တာ… ဒါပေမယ့် ဘာလို့ တွန်းအားပေးပြီး ခေါ်ခဲ့တာလဲ ကျွန်တော် သိချင်မိသည်။ ခွေးပေါက်လေးက သူ့သူငယ်ချင်းကို အရမ်းခင်တွယ်လို့ပါလို့ ပြောလို့ရပေမယ့် အဲ့လိုလည်း မဟုတ်ပြန်…

'So ဘာလို့ ဒီဘောလုံးလေးကို ခေါ်လာခဲ့တာလဲ'

Soloရဲ့ပေါင်ပေါ်မှာ လှဲချရင်း စောင်နဲ့လုံးထွေးနေတဲ့ကောင်လေးကို ကျွန်တော် ပုတ်သပ်ပေးရင်း မေးလိုက်သည်။

'ဒီကောင့်ကို ခရီးသွားစေချင်… Ai'Kao! ဘာလို့ ငါ့ခြေထောက်ကို ကိုက်ရတာလဲ!'

ခွေးပေါက်လေးက ကျယ်လောင်စွာ အော်လာသည်။ ဘောလုံးလေး မကြိုက်တဲ့အရာတစ်ခုကို သူ ပြောလိုက်တာကြောင့် အကိုက်ခံလိုက်ရတာလို့ ကျွန်တော် တွေးလိုက်မိသည်။

ကြည့်ရတာ ဒီခွေးပေါက်လေးက သူ့သူငယ်ချင်းအား လိုက်ချင်လား၊ မလိုက်ချင်ဘူးလားဆိုတာကို သေချာအောင် မမေးခဲ့ဘူးထင်သည်။

ကျွန်တော် ရယ်လိုက်တဲ့အခါမှာ ထိုဘောလုံးလေးက ကျွန်တော့်ရဲ့ပေါင်ပေါ်သို့ ရွေ့လာပြီး လာအိပ်နေသည်။ အဲ့ဒါမှ သူ ကောင်းကောင်းအိပ်ရမှာလေ…

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now