အပိုင်း ၂၆

171 17 0
                                    

'ဘာလို့ မျက်မှောင်ကြီးကြုတ်ထားရတာလဲ'

အခု ကားထဲရောက်လာတာတောင် မျက်မှောင်ကြုတ်ထားတုန်းဖြစ်တဲ့ကောင်လေးရဲ့ပါးကို ဆွဲပြီး ရယ်လိုက်မိသည်။ ကားစထွက်ဖို့ ပြင်နေတာတောင်မှ သူ့ရဲ့မျက်ခုံးတွေက တန်းနေသည်။

'တကယ်ဘဲ သူငယ်ချင်းတွေလား'

Soloက တည်ငြိမ်တဲ့မျက်နှာနှင့်အတူ ကျွန်တော့်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။ ကျွန်တော်ကတော့ ယုံကြည်ချက်အပြည့်နဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ထိုကောင်လေးက ကျေနပ်စရာကောင်းတဲ့အဖြေကို ရလိုက်လို့ထင်တယ်။ အသာလေးသက်ပြင်းချလိုက်ကာ နားလည်တဲ့သဘောအနေနဲ့ ခေါင်းညိမ့်ပြလိုက်ပြီး ကားစပြီးထွက်ဖို့ ပြင်လိုက်သည်။ ဒါပေမယ့် သူက ကျွန်တော့်လက်ကို ဆုတ်ကိုက်လာပြီးတော့…

'Guitar…'

'အဲ့ဒီသုံးယောက်က အစ်ကိုနေခဲ့တဲ့ဂေဟာက အလှူရှင်ရဲ့သားတွေလေ…'

ကျွန်တော့်Soloလေးရဲ့လက်လေးကို အသာလေးပုတ်လိုက်သည်။ ဒီကောင်လေးကို အများကြီးမတွေးစေချင်တာကြောင့် ကျွန်တော် သေချာရှင်းပြမှ ဖြစ်မယ်လို့ တွေးလိုက်မိသည်။

မနေ့တုန်းက ခွေးပေါက်လေးက အရမ်းအိပ်ချင်နေတာကြောင့် ကျွန်တော့်သူငယ်ချင်းတွေအကြောင်းကို ရှင်းပြနေတဲ့အချိန်မှာ သူက လိုက်ခဲ့မယ်လို့သာ ပြောပြီး အိပ်ပျော်သွားသည်။ ဒီကောင်လေးက ဘာမှမတွေးဘဲ လိုက်မယ်လို့ပြောခဲ့တာ သေချာတာပေါ့… ဒါပေမယ့် မိုးလည်းလင်းရော သူ့ရဲ့ပုံစံက မျက်မှောင်ကြုတ်ထားကာ မကျေနပ်တဲ့ပုံစံမျိုးဖြစ်နေသည်။

'သူတို့တွေရဲ့နာမည်က Jakkapad၊ Hongtaeနဲ့ Pramokလို့ခေါ်တယ်။ အစ်ကိုငယ်ငယ်ကတည်းက သူတို့ကို ဘုရင်သုံးယောက်လို့ခေါ်တာ…'

ခွေးပေါက်လေးပြုံးနေတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော်လည်း ပြုံးလိုက်မိသည်။

'သူတို့အဖေက ဂေဟာကို ခဏခဏလာပြီးတော့ လှူလေ့ရှိတယ်။ သူ လာတဲ့အချိန်တိုင်းမှာလည်း သူနဲ့အတူ ဘုရင်သုံးယောက်ကို အမြဲတမ်းခေါ်လာတာ… အစ်ကိုတို့ရဲ့အသက်က သိပ်မကွာကြတော့ အစ်ကိုတို့လေးယောက်က တွဲလို့ရတယ်လေ… အစ်ကိုက ဂေဟာက ကလေးတွေထဲမှာ အသက်အကြီးဆုံးသူဆိုတော့ အစ်ကို့အသက်က အခြားကလေးတွေနဲ့ အရမ်းကွာလွန်းတယ်။ ကျောင်းဆင်းတာနဲ့ အိမ်ကို အမြန်ပြန်ပြီး ကလေးတွေကို ထိန်းရတာမို့လို့ အစ်ကို့မှာ သူငယ်ချင်းများများစားစားမရှိဘူး။ ဒါပေမယ့် သူတို့လာတဲ့အချိန်မှာ သူတို့က အစ်ကို့ကို သူတို့နဲ့ကစားဖို့ ဆွဲခေါ်တယ်။  ငယ်သူငယ်ချင်းတွေလို့ပြောလို့ရတာပေါ့…'

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now