တစ်ချိန်တည်းမှာဘဲ ကျောင်းတက်ပြီး အလုပ်လုပ်နေရတဲ့ကောင်လေးကတော့...
'ကျွန်တော် Guitarဆီ သွားမယ်'
C Siwarokinက သူ့သားရဲ့မျက်နှာကို စိတ်ကုန်နေတဲ့အကြည့်တွေနဲ့ ကြည့်နေသည်။ သူ့ရဲ့ဘေးနားမှာတော့ သူနဲ့ရင်းနှီးနေတဲ့လက်ထောက်ဖြစ်တဲ့သူက သခင်လေးကို ကြည့်ရင်း ရယ်ချင်နေတဲ့စိတ်ကို ထိန်းထားနေသည်။
Soloက အဲ့ဒီနာမည်က လွန်ခဲ့တဲ့သုံးနာရီအတွင်းမှာ ဆယ့်ငါးခါလောက် ခေါ်နေခဲ့တာ... အရင်နေ့တွေပါ ထည့်ပေါင်းလိုက်ရင် အခါငါးဆယ်ထက်မနည်းရှိနေပြီ။ သို့သော် သူ့သားရဲ့တာဝန်သိစိတ်ကိုတော့ ကျေးဇူးတင်မိသည်။ ဘယ်လောက်ဘဲ သွားချင်နေပါစေ... အလုပ်ကို လုံးဝပစ်မထားခဲ့ဘူး။ ဒါပေမယ့် အခုလိုမျိုး ခဏခဏပြောလာတဲ့အခါမှာတော့ ကြားနေရတဲ့သူတွေက နားကြားပြင်းကတ်လာသည်။
'မင်း သည်းခံမှာပေါ့...'
သူ အဲ့စကားကို ဒီနေ့တစ်နေ့တည်းမှာဘဲ ဆယ့်ငါးကြိမ်မြောက်ပြောမိခြင်းဖြစ်သည်။
'အဖေ... ကျွန်တော် တစ်လလောက် သည်းခံပြီးသွားပြီလေ...'
Soloက မျက်မှောင်ကြုတ်ထားလိုက်ပြီးတော့ ဝမ်းနည်းနေတဲ့မျက်နှာပုံစံမျိုးဖြစ်သွားသည်။
'တစ်ဖက်ကောင်လေးက ကောင်းကောင်းသည်းခံနိုင်တယ် မဟုတ်ဘူးလား'
အဲ့စကားကို ကြားလိုက်တဲ့အချိန်မှာ Soloက ပိုပြီးတင်းကြပ်စွာ မျက်မှောင်ကြုတ်လာသည်။ ရက်ပေါင်းများစွာကြာတဲ့အထိ Guitarရဲ့မျက်နှာကို မမြင်ခဲ့ရဘူးဆိုတာကို တွေးမိရုံနဲ့တင် သူ နေရထိုင်ရတာ လုံးဝအဆင်မပြေလာ... Guitarက ပိုပြီးသည်းခံနိုင်တယ်လို့ တစ်ယောက်ယောက်က ပြောလာတဲ့အချိန်မှာတော့ သူ့ရဲ့စိတ်အခြေအနေက ပိုပြီးဆိုးရွားလာပြီ။
သည်းခံနိုင်တာနဲ့ သည်းခံဖို့လိုတာနဲ့က လုံးဝမတူဘူးလေ...
'ကျွန်တော် ဒီနေ့သွားမယ်'
Solo ဆုံးဖြတ်လိုက်တယ်။ သူ အလုပ်ထဲမှာ နစ်မြုပ်နေတယ်ဆိုရင်တောင်မှ အရာအားလုံးကို ထားပစ်ခဲ့ပြီးတော့ သူ့စိတ်ထဲမှာ ရှိနေတဲ့လူတစ်ယောက်ဆီ သွားမယ်လို့ တွေးလိုက်မိသည်။
YOU ARE READING
OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]
RomanceThis is the Novel by Chesshire that it's still making as a Series, airing in 2020. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-po...