[Special] Moment: Part-1

251 11 0
                                    

Solo ဆယ်နှစ်သားအရွယ် ကလေးဘဝ

Solo: မား (ရင်ခွင်ထဲသို့ ပြေးဝင်သွား)

Lalit: N'So... အမေ သားကို ဘာပြောထားလဲ။

Solo: မားနဲ့အတူတူရှိနေတဲ့အချိန်တွေမှာ... ထိုင်းစကားပြောရမယ်။ (သနားစရာကောင်းတဲ့မျက်နှာမျိုး လုပ်လျက်)

Lalit: ဟုတ်တယ်။ Soရဲ့ခန္ဓာကိုယ်ထဲမှာ ထိုင်းသွေးတွေက စီးဆင်းနေတာ... အဲ့ဒါကြောင့် ဒီမှာ နေတယ်ဆိုပေမယ့်လည်း ထိုင်းစကားပြောရမယ်။

Solo: ဟုတ် (ခေါင်း ထပ်ခါထပ်ခါညိမ့်ပြ)

Lalit: သား အမေ့ကို ဘာပြချင်လို့လဲ။

Solo: အနုပညာအချိန်တုန်းက ဆရာမက သားရဲ့ပျော်ရွင်မှုကို ဆွဲခိုင်းတယ်။ (စာရွက် ကမ်းပေးလျက်)

Lalit: ဘာလို့ ပုံထဲမှာ အမေနဲ့ N'Soဘဲ ပါတာလဲ။ အဖေ့ပုံကော...

Solo: အဖေက ပါဖို့လိုလို့လား။ (မျက်မှောင်ကြုတ်ထားလျက်)

Lalit: သားရဲ့အဖေက အရမ်းအလုပ်ကြိုးစားပေမယ့် သားကို လုံးဝမမေ့ဘူး။ (ကလေးရဲ့ခေါင်းကို ပုတ်သပ်ပေးလျက်)

Solo: ဆရာမက သားရဲ့ပျော်ရွင်မှုကို ပုံဆွဲခိုင်းတာလေ... အဖေက Soရဲ့ပျော်ရွင်မှုမှ မဟုတ်တာ...

Lalit: (မျက်ရည်တွေကျရင်း ကလေးကို ဖက်လျက်) အဲ့ဒါဆို ပုံထဲမှာ ဘာပါသေးလဲ။

Solo: Guitar! ဆရာမက သားရဲ့ပျော်ရွင်မှုကို ဆွဲဖို့ပြောခဲ့တာ... အမေပြီးတော့ Guitarက သားအတွက် ပျော်ရွင်မှုဘဲ...

[Guiမဟုတ်ပါ။ ဂစ်တာတူရိယာပါ😂]

Lalit: အဲ့ဒါဆိုရင် သားက Guitarကို သေချာဂရုစိုက်ပြီး ထိန်းသိမ်းရတော့မယ်နော်...

Solo: (ခေါင်းကို အဆက်မပြတ်ညိမ့်ရင်း) အခု Soက အမေ့ရဲ့ဂစ်တာကို သုံးနေတာလေ... Soမှာ ကိုယ်ပိုင်Guitarရှိလာပြီဆိုရင် အမေ့ကို ပြမယ်။

Lalit: အမေ့ဆီ ယူလာပြရမယ်နော်... (ပြုံးလျက်)

..._...

Jirayu ဆယ်နှစ်သားအရွယ် ကလေးဘဝ

ဆရာNid: N'Guiလေး ဘာလုပ်နေတာလဲ။ (ကလေးရဲ့မျက်နှာကို ကြည့်လိုက်)

OXYGEN - ออกซิเจน (မြန်မာဘာသာပြန်) [Completed]Where stories live. Discover now