Vol ; 1 Chapter (1)

12.4K 602 3
                                    

(Uni Code)

Chapter - 1

' ဟိုး...  အရင်တုန်းက ကျိုရှား တိုင်းပြည်မှာ အိပ်ရာဝင် ပုံပြင်တစ်ပုဒ် ရှိခဲ့တယ်၊ အဲတာက ကောင်းကင်ကနေ မိုးမည်းတွေရွာချပြီး၊ အပြာရောင်မိုးသီးတွေက အဆက်မပြတ် မြေပြင်ပေါ်ကို ကြွေကျလာတဲ့အခါ လျောင်ခေတ်ရဲ့ ပထမမြောက် အင်ပါယာက ပြန်လည် နိုးထ လာပြီး သူ့ရဲ့ နဂါးသွေးစက် ဓားဟာလည်း ပြန်လည်ထွက်ပေါ် လာလိမ့်မယ် '

              ******************

ပေကျင်းမြို့၏ တစ်ခုသော နေ့လည်ခင်းတွင် ထူးခြားစွာဖြင့် မိုးများ ရွာသွန်းနေသည်။ လေ တိုက်ခတ်မှုကလည်း ကြမ်းတမ်းလှပြီး သစ်ပင်များက ဟိုမှ သည်မှ ယိမ်းထိုးနေသည်။ လူငယ်လေး တစ်ယောက်သည် သူ၏ ဆယ်ပေခန့်သာ ကျယ်ဝန်းသည့် အခန်း ကျဥ်းလေး အတွင်း၌ စာအုပ် တစ်အုပ်ကို စူးစိုက်စွာ ဖတ်လျက် ရှိသည်။ ထိုစာအုပ်သည် သမိုင်းဌာန၏ အထူးရည်ညွှန်းစာအုပ် ဖြစ်ပြီး တရုတ်နိုင်ငံ၏ တော်ဝင် သမိုင်း ပြတိုက်ထဲ၌ပင် မရှိသော စာအုပ်ပင် ဖြစ်သည်။

လူငယ်က ထိုစာအုပ်ကို ပေကျင်းမြို့ ချောင်ကျသော ကျေးရွာလေး၏ စာအုပ် အဟောင်းတန်းတစ်ခုမှ အမှတ်မထင် တွေ့ခဲ့ခြင်းဖြစ်သည်။ လူငယ်၏ အမည်က 'ရှောင်ရှန်ဖေး' ဖြစ်ပြီး သူက မိဘမဲ့တစ်ယောက် ဖြစ်သည်။ ငယ်စဥ်ကတည်းက မိဘမဲ့ကျောင်း၌သာ ကြီးပြင်းခဲ့ပြီး သူ့အသက် တစ်ဆယ့်ရှစ်နှစ် ပြည့်သည့်အခါမှ သူက မိဘမဲ့ကျောင်းမှ ထွက်လာခဲ့ခြင်းပင်။

ရှောင်ရှန်ဖေးသည် သမိုင်း ဌာန၏ ပညာရှင်တစ်ယောက်ဖြစ်ပြီး ယခု သူက ယင်း ဌာန၏ နောက်ဆုံးနှစ် အတန်းတွင် ပညာ သင်ယူလျက်ရှိ၏။ နောက်ဆုံးနှစ် ကျောင်းသား ဖြစ်သည့်အတွက်ကြောင့်လည်း နိုင်ငံတော်၏ မြို့ဟောင်းရှာဖွေရေး အဖွဲ့က ဌာန၏အတော်ဆုံး ကျောင်းသားဖြစ်သည့် သူ့ကို အလုပ်တစ်ခု ပေးအပ်ထားသည်။ ထိုအလုပ်က မြို့ဟောင်းရှာဖွေခြင်းနှင့် ရှေးဟောင်းပစ္စည်းများ၏ သမိုင်း​ကြောင်းကို ဖွေရှာခြင်းပင် ဖြစ်၏။

ယခု ရှန်ဖေး၏ အခန်း အပြင်ဘက်တွင် မိုးများ သည်းထန်စွာ ရွာသွန်း နေသည့်အတွက် သူက ထိုစာအုပ် အဟောင်းတန်းမှ ရလာသည့် ထိုစာအုပ် ကိုသာ ကော်ဖီသောက်ရင်း အရသာခံ ဖတ်လျက် ရှိသည်။ စာအုပ်ပါ အကြောင်းအရာသည် လွန်စွာ စိတ်ဝင်စားစရာ ကောင်း၏။

The Resurrected Emperor (Complete - Bl)Where stories live. Discover now