Vol ; 1 Chapter (7)

2.4K 231 2
                                    

(Uni Code)

Chapter - 7

နိုင်ငံတစ်ခု၏ ဧကရာဇ်တစ်ပါးကို ခြေလျှင်ဖြင့် လမ်းပြစေခြင်းက တိုက်ရိုက် အရှက်ခွဲခြင်းပင်။ ရှန်ဖေးသည် သူ၏ နတ်မြင်းခုနှစ်ကောင် ပြေးဆွဲသည့် ရတနာ ဝေါယာဥ်ကို ပေါင်းမိုးများ ဖြုတ်စေ၏။ ထို့နောက်တွင် သူက ဝေါယာဥ်၏ အပေါ်မှနေကာ ကောင်းချီအား ပြုံး၍ ကြည့်နေလေသည်။

ကောင်းလင်သည် သူ့အစ်ကိုတော် ဧကရာဇ် မင်း၏ ဒုက္ခခံနေရမှုကို မြင်သည့်အခါ စိတ်လက် မသာမယာ ဖြစ်ရသည်။ ထို့အတွက်ကြောင့်ပင် သူက အင်ပါယာဆီသို့သွားကာ မြေပြင်၌ ဒူးထောက် ခစားလိုက်ပြီး...

" ကျေးဇူးပြု၍ အင်ပါယာ အစ်ကိုတော်က အတော်လေး မောပန်းနေပါပြီ၊ အစ်ကိုတော်ရဲ့ အပြစ်က သေသင့်ပါတယ်၊ ဒါပေမဲ့ သနားညှာတာသော အားဖြင့် တစ်ကြိမ်မျှ ခွင့်လွှတ် ပေးစေချင်ပါတယ် အရှင် "

" ကောင်းလင် မင်းကပါ ဒီအင်ပါယာကို လမ်းပြပေးချင်တာလား "

ရှန်ဖေ၏ စကားကြောင့် ကောင်းလင်က မျက်မှောင်ကြုတ် လိုက်သည်။ ထို့နောက်တွင် သူက အင်ပါယာ၏ အနားမှ ထွက်ခွာသွားသည်။ ကောင်းနိုင်ငံမှ စစ်သည်တို့သည် သူတို့၏ ဧကရာဇ်က မြေပြင်၌ သွားလာနေသည့်အခါ သူတို့ကလည်း မြင်းဇတ်ကြိုးကိုဆွဲ၍ မြေပြင်မှသာ လိုက်ပါလာကြလေသည်။

" ကောင်းချီ မင်းက အသက်ကြီးလာလို့လား၊ မင်းရဲ့ခြေလှမ်းတွေက လေးပင် နေပြီ၊ ဒီအင်ပါယာကို မင်းက နေခြောက် လှမ်းချင် နေတာများလား "

" ခွင့်လွှတ်ပါ အရှင် ဒီကောင်းမျိုးရိုးက ညံ့ဖျင်းလွန်းပါတယ် " 

ကောင်းချီက ဒေါသထွက်နေသော်လည်း မိမိကိုယ်ကိုသာ အပြစ်တင်လိုက်သည်။ ထို့နောက်တွင် သူက ခြေလှမ်းတို့ကို မြန်လိုက်ပြီး ထွက်ခွာသွားသည်။ ကောင်းနိုင်ငံမှ စစ်သည်တို့၏ မျက်နှာက တင်းမာနေပြီး ဒေါသထွက်နေကြသည်။ သူတို့၏ လက်များက ဓားရိုးထက်၌ တင်ထားကြသည်။

ကောင်းချီသည် ပင်ပန်းလွန်းလှပြီး မိမိ၏ ခြေထောက် ကိုတောင်မှ မသယ်ချင်တော့ပေ။ သို့သော် သူက အံကြိတ်ကာဖြင့် ဆက်၍ သွားနေသည်။ အဝေးဆီမှ မြို့တံတိုင်းကို လှမ်းမြင်နေရသည့်အခါ သူက နှဖူးကချွေးကို သုတ်၍ သက်ပြင်း ချလိုက်သည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now