Vol ; 1 Chapter (14)

1.5K 151 7
                                    

(Unicode)

Chapter - 14

လေပြည်က ခပ်သော့သော့ကလေး တိုက်ခတ်နေသည်။ အင်ပါယာမြို့တော်၏ စျေးထဲတွင် လူငယ် တစ်ယောက်က ဟိုသည် ပြေးလွှား၍ နေသည်။ လူငယ်၏ မျက်နှာက ပြုံးရွှင်နေပြီး လက်တစ်ဖက်တွင် ဇီးသီးတုတ်ထိုးကို ကိုင်ထားပြီး အခြားလက်တစ်တွင်လည်း မုန်အချိုများကို ကိုင်ရင်း ပြေးလွှားနေသည်။

ဇီးသီးတုတ်ထိုးမှ အချိုရည်များက စီးကျလာသည်။ ထိုအခါ လူငယ်က တုတ်ကိုအပေါ်သို့ မြှောက်လိုက်ပြီး ထိုအချိုရည်များကို လျှက်လိုက်ပြီး မေးစေ့ပေါ်သို့ စီးကျလာသည့် အချိုရည်များကို လက်ခုံဖြင့်သုတ်လိုက်၏။

သူ့ပုံစံကို ကြည်ရသည်နှင့် ဤကဲ့သို့ လွတ်လပ်စွာ အပြင်သို့ထွက်ရသည်ကို လွန်စွာ ပျော်ရွှင်နေဟန် ရှိသည်။ ယခုသူ၏ ပုံစံက အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်နှယ်...။

အဖြးရောင် ဝတ်ရုံရှည်က အနောက်၌ ဝဲလွင့် နေသည်။ ခါးစည်းကြိုးအနက်က အစည်းအနှောင်မညီသည့်အတွက် ကြိုးစတို့က အတိုအရှည် မညီဘဲ တွဲလျားကျ၍နေ၏။ ကျောလယ်အထိ ဝဲဖြာကျနေသည့် ဆံနွယ်ရှည်တို့ကလည်း ဟိုတစ်စ သည်တစ်စ။

မည်မျှပင် ထိုလူငယ်၏ ပုံစံက ကပိုကရို နိုင်နေပါစေ။ လူငယ်၏ ချစ်စဖွယ် ကောင်းလွန်းလှသည့် မျက်နှာကြောင့် ထိုကဲ့သို့မသပ်မရက်မှုကပင် တစ်မျိုးကလေး ကြည့်ကောင်း နေပြန်၏။ ထိုကြည့်ကောင်းခြင်းက အခြားသူတစ်ယောက်ဆိုလျှင် ထိုကဲ့သို့အတွေးမျိုး မပေါက်နိုင်သော်လည်း ယခု ဤလူငယ် အတွက်ဆိုလျှင်တော့ ထိုအရာက အမှန်ပင်ဖြစ်သည်။

ထိုလူငယ်၏ အနောက်ဘက် ခပ်လှမ်းလှမ်း၌ လူငယ်တစ်ယောက် လိုက်ပါလာသည်။ ထိုလူငယ်သည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လူငယ်၏ပုံစံက အထက်တန်းဆန်လှသည်။ အဖိုးထိုက်သော အဝတ်ကို ကြည့်လျှင်ဖြစ်စေ၊ ခါး၌ ချိတ်ဆွဲထားသည့် နဂါးသဏ္ဍာန် ကျောက်စိမ်းကိုဖြစ်စေ ကြည့်ခြင်းဖြင့် ထိုလူငယ်က အထက်တန်းလွှာ မိသားစုတစ်ခုမှ သခင်လေး တစ်ယောက်ဖြစ်ကြောင်း မြင်ရုံဖြင့် သိနိုင်ကြသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now