Vol ; 1 Chapter (19)

1.2K 117 4
                                    

(unicode)

Chapter - 19

ဇီးမာဇူယွမ်...။ သူက ရှီးမာအင်ပါယာ၏ အိမ်ရှေ့စံဖြစ်သကဲ့သို့ ရှီးမာအင်ပါယာ၏ တော်ဝင် စစ်သေနာပတိချုပ် လည်းဖြစ်၏။ ရှီးမာအင်ပါယာ ရှီးမာသုဖန်သည် ရှီးမာသုချန်ကို အချစ်ဆုံးဖြစ်သကဲ့သို့ ရှီးမာဇူယွမ်ကို အားအကိုဆုံးဖြစ်သည်။ ရှီးမာသုချန်သည် ရှီးမာအင်ပါယာ ၏ အချစ်ဆုံး မိဖုရားမှ မွေးဖွားလာပြီး ရှီးမာဇူယွမ်ကတော့ ရှီးမာအင်ပါယာ၏ တော်ဝင် မိဖုရား ၏ သားတော်ပင်​ဖြစ်သည်။

အင်ပါယာတစ်ခု၏ အုပ်ချုပ်သူ​ ဖြစ်သည့်အတွက်ကြောင့် ရှီးမာအင်ပါယာသည် မင်အင်ပါအတွင်း၌ သူလျှိုများ ထား,ထားမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ထိုအရာကို မင်အင်ပါယာသည်လည်း အနည်းနှင့်များတော့ သိသည်။ သူကိုယ်တိုင်သည်လည်း သူအုပ်ချုပ်နေသည့် အင်ပါယာနိုင်ငံအတွင်းမှ လက်အောက်ခံ  နိုင်ငံများတွင် သူလျှိုများ ထားရှိသည်။

ယခု ရှီးမာဇူယွမ် ရုတ်တရက် ရောက်လာခြင်းက အဘယ့်ကြောင့်လဲ ဆိုသည်ကို ရှန်ဖေးသိသည်။ မကြာခင် အခန်းအတွင်းသို့ ရှီးမာအင်ပါယာ၏ စစ်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားသော ရှီးမာဇူယွမ်က တည်ငြိမ်သော ခြေလှမ်းတို့ဖြင့် ဝင်ရောက်လာသည်။ သူက ထိုင်ခုံတွင်ထိုင်ကာ ဝိုင်သောက်နေသည့် ရှန်ဖေးကိုမြင်သည့်အခါ ကိုယ်ကိုအနည်းငယ် ကိုင်းညွတ်၍ အရိုသေပြုလိုက်သည်။

" ရှီးမာအင်ပါယာ ရှီးမာဇူယွမ်က ယောက်ဖတော် အင်ပါယာကို နှုတ်ဆက်ပါတယ် "

" အိမ်ရှေ့စံက ယဥ်ကျေးလွန်းနေပါပြီ လာပါ ရှီးမာအင်ပါယာကနေ ဒီအထိတောင် ရောက်လာတယ် ဆိုတော့ ပင်ပန်းရောပေါ့၊ လာပါ ပင်ပန်းလာတဲ့ နောက်တော့ ဒီအင်ပါယာနဲ့အတူတူ ဝိုင်သောက်ရင်း စကားပြောကြတာပေါ့၊ ဝမ်မေ့ ... တော်ဝင် ဥယာဥ်ထဲကို ဝိုင်နဲ့စားစရာတွေ ယူလာခဲ့ပေးပါ "

ရှန်ဖေးက ပြောလိုက်ရင်း ထိုင်နေရာမှ ထလိုက်သည်။ ဝမ်မေ့က အသာခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။ ဝမ်မေ့ ထွက်ခွာသွားသည့်အခါ သူကတစ်ဖက်ကို လှည့်ကာ ပြုံးလိုက်ပြီး...

The Resurrected Emperor (Complete - Bl)Where stories live. Discover now