Vol ; 2 Chapter (47)

827 71 8
                                    

(uni code)

Chapter - 47

မင်အင်ပါယာ၏ တော်ဝင်နန်းတော်အတွင်း အမတ်ချုပ် သုံးဦးနှင့်အတူ အင်ပါယာမင်အပါအဝင် သူ၏ ကြင်ယာတော်တို့က ငြိမ်သက်လျက် ရှိနေကြသည်။ ကြင်ယာတော်ဝမ်၏ မျက်နှာက တင်းမာနေပြီး သူက တစ်စုံတစ်ခုကို အလိုမကျဟန်များ အထင်းသား ပေါ်လွင်၍ နေ၏။ ဟုတ်သည်။ သူက အင်ပါယာအား အလိုမကျနေခြင်းပင် ဖြစ်လေသည်။

" အရှင် မင်းက အခုချိန်အထိ မင်ဟွားလော့အတွက် ရှာဖွေခြင်း၊ စစ်ခင်းခြင်း မပြုလုပ်သေးဘူးလား၊ ကျုပ်ရဲ့ တူမတော်က အသက်ရော ရှင်ပါအုံးမလား "

" မေ့အာ... တချို့အရာတွေက အလျင်လိုလို့ မကောင်းဘူး၊ စောင့်ကြည့်ပါအုံး ဝမ်ကျောက်ယွီက ဒီလိုလုပ်ရဲတဲ့နောက် သူ့မှာ အကြောင်းပြချက်ကောင်းကောင်း ရှိမှာပါ၊ ပြီးတော့ သူက ဒီအင်ပါယာရဲ့ သွေးသားကို တစ်စုံတစ်ခု လုပ်ရဲလိမ့်မယ်လို့ ဒီအင်ပါယာ မထင်ဘူး "

" ကောင်းတယ် ကောင်းတယ် အင်ပါယာ မင်းကသိပ်ကို ပျော့ညံ့လွန်းတယ် "

ရှန်ဖေးက ဝမ်မေ့ကိုကြည့်ကာ သက်ပြင်းသာ ချလိုက်သည်။ ထို့နောက်တွင် သူက အမတ်ချုပ် သုံးယောက်အား ကြည့်လိုက်ပြီး...

" လုံအမတ်၊ ရှင်းအမတ်နဲ့ ကျောက်အမတ် ခင်ဗျားတို့ရော ဒီကိစ္စကို ဘယ်လိုထင်လဲ၊ ရှီးမာအင်ပါယာက ဘယ်လိုမျိုး တင်သွင်းလာမယ်လို့ ထင်လဲ "

" အရှင် ဒါက ပြောရခက်ပါတယ်၊ ပြီးတော့ ဒီအမတ်တွေကလည်း အရှင့်ရဲ့သဘောဆန္ဒနဲ့ ထပ်တူညီနေပါတယ်၊ ဝမ်အမတ်ချုပ်ရဲ့သားက မင်းသမီးလေးကို ခိုးယူသွားတဲ့နောက် သူ့မှာ တစ်စုံတစ်ခုအတွက် အကြံရှိပါလိမ့်မယ်၊ ဒီအကြံကို သူကမအောင်မြင်မချင်း ပထမမင်းသမီးကို ဘာမှလုပ်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် အရှင်က သူ့ဘက်က ဆက်သွယ်လာတဲ့အချိန်ကိုပဲ စောင့်နေဖို့လိုပါတယ် "

ရှန်ဖေးက အမတ်ချုပ်သုံးဦး၏ စကားကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ဝမ်မေ့ကတော့ အမတ်ချုပ်များကိုကြည့်၍ မျက်နှာမဲ့လိုက်သည်။ သည်အင်ပါယာနှင့် သည်အမတ်များ လိုက်လည်းလိုက်သည်ဟုပင် သူက စိတ်ထဲမှ မှတ်ချက် ချလိုက်၏။

The Resurrected Emperor (Complete - Bl)Where stories live. Discover now