Vol ; 2 Chapter (51)

838 56 3
                                    

(unicode)

Chapter - 51

မြို့ရိုးနံရံကို ခြေတစ်ချက် ဆောင့်နင်းလိုက်တယ် ဆိုရုံဖြင့် ဝမ်ကျောက်ယွီက တိုက်ပွဲကွင်းပြင်ရှိရာသို့ ရောက်ရှိသွားသည်။ လက်ထဲမှ ဓားက ရဟက်တစ်ခုကဲ့သို့ လည်သွားပြီး သူ၏ လက်ထဲတွင် တစ်ဖန်ပြန်လည် ငြိမ်သက် သွားသည်။ တိုက်ပွဲကွင်းပြင်ဟူသည်က အခြားတော့ မဟုတ်။

မြို့ရိုး၏အပြင်ဘက် မြစ်ပြင်ကျယ်တွင် သောင်ထွန်းနေသည့် ဆယ်ပေပတ်လည် ကျွန်းငယ်ကလေးသာ ဖြစ်သည်။ ထိုကျွန်းငယ်ပေါ် ခြေချပြီးသည်နှင့် ဝမ်ကျောက်ယွီက ဓားကို လက်နောက်ပြန် ကိုင်ထားပြီး ဝမ်မေ့ရှိရာသို့ မထီမဲ့မြင်သော အကြည့်တို့ဖြင့် ငေးကြည့်လိုက်သည်။ ရှန်ဖေး၏ မျက်နှာထက်တွင် စိုးရိမ်မှုတို့ ပြည့်နက်စွာ ထွက်ပေါ်လာ၏။

သူက ဝမ်မေ့ကို တားချင်သည်။ သို့သော် ဝမ်မေ့၏ စိတ်ဓာတ်အရ ထိုအရာက အရာထင်မည်မဟုတ်ကြောင်း သူသိသည်။ ထို့အတွက်ကြောင့် သူက ဝမ်မေ့၏ လက်ကို ကိုင်ဆွဲထားရင်း ညင်သာစွာပြောသည်။

" မေ့အာ ဂရုစိုက်ရမယ်နော်၊ ဝမ်ကျောက်ယွီရဲ့ စိတ်ဓာတ်အရ သူက ကောက်ကျစ်တဲ့ အကြံတွေရှိနေမှာ သေချာသလောက်ပဲ၊ မှတ်ထား အနိုင်အရှုံးဆိုတာထက် မင်းအသက်က ပိုပြီး တန်ဖိုးကြီးတယ် "

ဝမ်မေ့က မည်သို့မျှပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးတွေကတော့ ခံစားမှု ကင်းမဲ့နေပြီး အရယ်အပြုံးမရှိ အေးစက်လျက် ရှိ၏။ သူက ဝမ်ကျောက်ယွီကို ခပ်စိမ်းစိမ်း ငေးကြည့်လိုက်သည်။ ထို့နောက် သင်္ဘောဦးကို ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး ကျွန်းပေါ်သို့ ခုန်တက်လိုက်သည်။

" ထန် "

သူက ကျွန်းပေါ်သို့ ရောက်သည်နှင့် လက်ဦးမှုယူကာ ဝမ်ကျောက်ယွီအား ဓားဖြင့် ထိုးချလိုက်သည်။ စစ်ပွဲများစွာကို ဦးဆောင်ကာ အတွေ့ အကြုံ ပြည့်ဝနေသည့် ဝမ်ကျောက်ယွီက သူ့ဓားကို အသာအယာပင် ပယ်ချလိုက်သည်။

သံကိုသံချင်း ထိခတ်သံတို့က ညံစီစွာ ထွက်ပေါ်လာသည်။ ထို့နောက် မီးပွားကလေးများက ထိုဓားနှစ်လက် ထိခတ်ရာမှ ထွက်ပေါ်လာသည်။ ရှန်ဖေးသည် မြို့ရိုးထက်သို့ ကြည့်လိုက်သည်။ မင်ဟွားလော့လေးက စစ်သည်တစ်ဦး၏ လက်ထဲ၌ ရှိနေသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now