Vol ; 1 Chapter (31)

1.9K 99 2
                                    

(Unicode)

Chapter - 31

နှစ်ဦးသားက အမှောင်ခန်းကို ကူးလူး ဆက်ဆံပြီးကြသည့် နောက်တွင် မောပန်းစွာဖြင့် အိပ်ရာထက်သို့ လှဲလျောင်း လိုက်ကြသည်။ ရှန်ဖေးကမျက်လုံးကို မှိတ်ထားရင်း အသက်ကို ပြင်းထန်စွာ ရှူရှိုက်လိုက်သည်။ ဟွားဟွားသည် နေရာမှထလိုက်ပြီး အပေါ်ရုံကို ဝတ်ဆင်လိုက်၏။ ထို့အတွက်ကြောင့် ရှန်ဖေးက သူ့အား ထူးဆန်းသလို ကြည့်လိုက်ပြီး...

" ဟွားဟွား... မင်းဘယ်သွားမလို့လဲ "

" ဟင့်အင်း ဘယ်မှမသွားဘူး၊ သွားရမှာက အရှင်ပါ အခုဟွားဟွားရဲ့ အခန်းကနေ ထွက်သွားလိုက်ပါတော့... "

" ဘာကြောင့်လဲ... မင်းက ငါ့ရဲ့ တော်ဝင်ကြင်ယာတော်လေ ဘာကြောင့် ငါက မင်းရဲ့ နန်းဆောင်ကနေ ထွက်သွားရမှာလဲ "

ရှန်ဖေးက မသိနားမလည်စွာ မေးလိုက်သည်။ ထိုအခါ ဟွားဟွားက သူ့ကို ကျောခိုင်း၍ ဝတ်ရုံ၏ ခါးစည်းကြိုးကို ချည်လိုက်ရင်းဖြင့်...

" အခုကိစ္စမှာ ဟွားဟွားက အထိအတွေ့ရဲ့တောင်းဆိုမှုအရ လူက လိုက်ပါ သွားရတယ်ဆိုပေမဲ့ ဒီကိစ္စကို ဟွားဟွားက အရှင့်ကို ခွင့်မပြုခဲ့ဘူး၊ ဒါက အချစ်မဟုတ်ဘူးအရှင်၊ ဒါက အင်ပါယာ တစ်ပါးဆိုတဲ့ အာဏာနဲ့ အရှင်က ဟွားဟွားအပေါ်မှာ အနိုင်ကျင့်တာပဲ "

" ဟွားဟွား မင်းစကားက... "

ရှန်ဖေးက ဟွားဟွား၏ စကားကြောင့် လှဲနေရာမှ ထလိုက်ပြီး ဟွားဟွား၏ မျက်လုံးတို့ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။ ဟွားဟွားက တံတွေးကို မျိုချလိုက်ပြီး ခေါင်းညိတ်ကာ...

" ဟုတ်တယ်... ဒါက အနိုင်ကျင့်မှုပဲ၊ ဒီကိစ္စကိုဟွားဟွားက ခွင့်မပြုခဲ့ဘူး၊ ဒါပေမဲ့ ကိုယ်တိုင်ပါဝင်မိခဲ့တဲ့အတွက် ဟွားဟွားက အပြစ်မကင်းပြန်ဘူး၊ ပြီးတော့... ဝမ်မေ့ အပေါ်မှာလည်းအနိုင် ကျင့်မိခဲ့သလို ခံစားရတယ်၊ ဒါကြောင့်ဟွားဟွားက မေ့အာရဲ့ ခွင့်လွှတ်မှုကို တောင်းခံရလိမ့်မယ် အရှင်... "

ရှန်ဖေးက ဟွားဟွား၏ အပြုအမူများက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသည်။ သို့သော်လည်း အဘယ့်ကြောင့် မှန်းမသိ။ သူက ထိုအရာကို နားမလည်ခဲ့ပေ။ သူက အင်ပါယာတစ်ပါးဖြစ်ပြီး ဝမ်မေ့ရော၊ ဟွားဟွားရောက သူ၏ ကြင်ယာတော်များ ဖြစ်သည်။ ထို့အတွက် သူ၏ နှစ်ကိုယ်တူ နေ့ရက်များက ထိုနှစ်ယောက်နှင့် မည်သည့် အချိန်တွင် မဆိုပြုမူ၍ ရသည်မဟုတ်ပါလား။ ယခု အဘယ့်ကြောင့် ဟွားဟွားက ဤသို့သော စကားကို ဆိုရပါသနည်း။

The Resurrected Emperor (Complete - Bl)Where stories live. Discover now