Vol ; 2 Chapter (40)

1K 75 3
                                    

(Unicode)

Chapter - 40

ရှီးမာအင်ပါယာ၏ နယ်မြေအတွင်း ပိုင်နက်၏ အလွန်တွင် ခုံးကျဲ့ဟုခေါ်သည့် နယ်မြေတစ်ခု ရှိသည်။ ခုံးကျဲ့မြို့သည် မြို့ကြီးမဟုတ်သော်ငြား စည်ကားသည့် မြို့တစ်ခုဖြစ်သည်။

အထူးသဖြင့် အင်ပါယာ၏ နန်းတွင်းရေးရာ၌ စီစဥ်ရသည့် ကုန်းကုန်းများကို ထိုခုံးကျဲ့မြို့မှ ခေါ်ယူသောကြောင့် ဖြစ်၏။ ယခု အင်ပါယာ၏ အနီးဆုံး၌ရှိသော ယွဲ့ကုန်းကုန်းသည် ထိုခုံးကျဲ့မြို့၏ တည်ထောင်သူပင် ဖြစ်၏။

အင်ပါယာ၏ အနီး၌ မိန်းကလေးများကို မထားချင်သည့်အခါ ရှီးမာအင်ပါယာက ယောကျ်ားများကို သင်းကွပ်၍ ကုန်းကုန်းများအဖြစ်ဖြင့် အင်ပါယာအနီး ခစားစေသည်။ ယွဲ့ကုန်းကုန်းမှာ ရှီးမာအင်ပါယာ၏ ပထမဆုံးသော အမှု အထမ်းများကို လုပ်ဆောင်ရသည့် တော်ဝင် အထိန်းတော်ချူပ် ဖြစ်၏။

နောက်ပိုင်းတွင် ယွဲ့ကုန်းကုန်းက အင်ပါယာ၏ အနီး၌ခစားမည့် လူများကို စုဝေး၍ သင်းကွပ် ပြီးသည့်အခါ တော်ဝင်အလုပ်အမှုထမ်းများနှင့် အခြားခြားသော အချက်များကို သင်ကြားပြသပေးရန် ဤမြို့ကို အင်ပါယာ၏ ခွင့်ပြုချက်ဖြင့် တည်ခဲ့ခြင်းဖြစ်၏။ ယခု ခုံးကျဲ့မြို့ အတွင်းသို့ လူတစ်ယောက်သည် ဖြည်းညင်းစွာ ဝင်ရောက်လာသည်။

သူ၏အဝတ်တို့က ဟောင်းနွမ်းစုတ်ပျက်နေပြီး အတော်ကလေး ညစ်ထေးလွန်းလှ၏။ သူက မင်အင်ပါယာအတွင်းမှ လွတ်မြောက်လာသည့် ဝမ်အမတ်ချုပ်၏ ပထမဆုံးသား ဝမ်ကျောက်ယွီပင်ဖြစ်သည်။ သူ၏ညီငယ် ဝမ်ရန်ဟုန်သည် သူနှင့်အတူ လွတ်မြောက်ခဲ့သော်လည်း လမ်း၌ ဓားပြများ၏ သတ်ဖြတ်မှုဖြင့် သေခဲ့ရသည်။

သူကိုယ်တိုင်ကတော့ ကံသီ၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် ဝမ်ကျောက်ယွီ၏ စိတ်ထဲ၌ အင်ပါယာကို ချစ်သည့်အချစ်ထက် အမုန်းတရားများသာ ကျန်ရှိတော့သည်။ အထူးသဖြင့် အင်ပါယာ၏ ကြင်ယာတော်ဖြစ်သော ရှောင်ဝမ်မေ့ပင်။

ဝမ်ကျောက်ယွီ၏ စိတ်ထဲတွင် ယခု သူ့အပေါ် အင်ပါယာပြုလုပ်ခဲ့သည့် ကိစ္စရပ်များစွာသည် ဝမ်မေ့ကြောင့်ဟု အမြဲစွဲမှတ် ယုံကြည်ထား၏။ အကယ်၍ အင်ပါယာနှင့် သူတို့နှစ်ဦးအကြား၌ ဝမ်မေ့သာ ပေါ်မလာခဲ့လျှင် အင်ပါယာ၏ အနီး နေရမည့်သူက သူသာလျှင်ဖြစ်သည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now