Vol; 1 Chapter (30) 🔞🔞

3.7K 130 9
                                    

(unicode)

Chapter - 30

အင်ပါယာမင်သည် သူ၏ အင်ပါယာ နန်းဆောင်အတွင်း၌ ရှိနေပြီး ပြတင်းတံခါးမှလှမ်း၍ မြင်နေရသော အဝေးဆီမှ လမင်း၏ အလင်းရောင်ကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေ၏။ အင်ပါယာ၏ တော်ဝင် ကြင်ယာတော်နှစ်ပါးသည် ယခုအခါတွင် သူတို့၏ တော်ဝင်နန်းဆောင် အတွင်း၌သာ ရှိ၍နေပြီး အလင်းတိုင်းက ထိုအခန်းအတွင်း လူးလွန့်ကာ နေရှာသည်။ အင်ပါယာ၏ တော်ဝင် ကြင်ယာတော် နှစ်ပါးသည် မင်္ဂလာ အခမ်းအနားကို မပြီးမြောက်လိုက် သော်လည်း မိုးမြေနှင့် သတို့သမီး သတို့သားတို့ကို ကန်တော့ခြင်းဟူသော ရိုးရာကို ပြီးမြောက်လိုက်သည့် အတွက်ကြောင့် တရားဝင် ကြင်ယာတော်များ အဖြစ်သို့ မှတ်ယူ၍ ရပြီလည်း ဖြစ်၏။

သို့သော်ငြား အင်ပါယာသည် သူတို့နှစ်ဦးအား ဘွဲ့များကို ချီးမြှင့်ရခြင်း မရှိသေးချေ။ ဟွားဟွားသည် သူ၏ တော်ဝင် နန်းဆောင် အတွင်း ၌သာ ရှိနေပြီး သူ၏ ရှေ့၌ လူးလွန့်နေရှာသော အလင်းတိုင်ကို ငေး၍ နေသည်။ ထိုစဥ် တံခါးမကြီးက ရုတ်တရက် ပွင့်လာပြီး အပြင်ဘက်မှလေများ ဝင်လာသည့် အတွက်ကြောင့် အလင်းတိုင်၏ မီးညွန့်သည် ပို၍ ဝုန်းဒိုင်း ဆန်လာသည်။ ထို့အတွက်ကြောင့် ဟွားဟွားသည် ဝင်လာသည့် လူအား ခေါင်းငဲ့စောင်း၍ ကြည့်လိုက်သည်။

အနီရောင် ပိုးဖဲဝတ်ရုံကိုပင် မလဲလှယ်ရသေးသော သူ၏ အင်ပါယာ။ မျက်နှာသည် သုန်မှုန်နေပြီး စိတ်ထိခိုက် နေကြောင်း ထင်ရှားသည်။ သူက အင်ပါယာအား မြင်သည့်အခါ ထိုင်နေရာမှ ထလိုက်ပြီး ဒူးကို အနည်းငယ် ကွေးညွှတ်၍ ကိုယ်ကို ကိုင်းလိုက်ကာ နှုတ်ဆက်လိုက်သည်။

" အရှင်... "

" အင်း... နေသာသလိုနေပါ "

ရှန်ဖေးက သူ၏ လက်ကို အလိုက်သင့် ခါယမ်း၍ ပြောလိုက်သည်။ ယခု ဟွားဟွားသည်ညအချိန် ဖြစ်သည့်အတွက် အိပ်ရာဝင်ရန် အလို့ငှာ ပါးလွှာသော ဝတ်ရုံကိုသာ ဝတ်ဆင်၍ ထားသည်။ ပန်းဆီရောင် ဝတ်ရုံသည် သူ၏ ဖြူဝင်းသော အသားအရည်တို့နှင့် လွန်စွာလိုက်ဖက် ညီညာ လွန်းလှသည်။ ထို့အပြင်လင်းချင်းနေသော မီးရောင်အောက်တွင် ဝတ်ရုံပါးအောက်မှ သွယ်လျလွန်းသည့် သူ၏ ကျောက်စိမ်းသဏ္ဍာန် ပေါင်တံ သွယ်သွယ် လေးများကလည်း ဝါးဆစ်ပိုင်းလေးများ သဖွယ် ကြည့်ဖွယ် ကောင်းနေသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now