Vol ; 1 Chapter (35) End

2.5K 106 2
                                    

(Unicode)

Chapter - 35

လျောင်ခေတ်ကို ဖျက်သိမ်းပြီး နောက်ပိုင်းတွင် မင်ထျန်းလော့သည် အင်ပါယာ မင်ဟူသောအမည်နာမနှင့် မင်အင်ပါယာကို တည်ထောင်ခဲ့သည်။ ထို့နောက်တွင် တိုင်းပြည်၊ နိုင်ငံနှင့်အခြား ခြားသော အင်ပါယာများကို သိမ်းပိုက်ပြီးနောက်ပိုင်း ယခုအချိန်အထိ နှစ်ပေါင်း ငါးဆယ်ကျော်ခန့် မင်အင်ပါယာကို ထိန်းသိမ်းထားနိုင် ခဲ့သည်။

ယခု မင်အင်ပါယာ၏ အဓိက ထောက်တိုင်ဖြစ်သော အင်ပါယာ မင်ထျန်းလော့သည် အင်ပါယာ တော်ဝင် နန်းဆောင်ထဲ၌ ရှိနေသည်။ သူကခုတင်ထက်တွင် လှဲလျောင်းနေပြီး တော်ဝင်သမားတော် ကျုံးရှီက သူ့အား ဆေးစစ်ချက်ယူနေသည်။ သူတို့နှစ်ဦး၏ အနားတွင် ဟွားဟွား၊ မုန့် နှင့် ရွှယ်တို့က အင်ပါယာ၏ အခြေအနေကိုလေ့လာ စောင့်ကြပ် နေကြလေ၏။

" ကျုံးရှီ အရှင့်ရဲ့အခြေအနေက သက်သာလာနိုင်တယ် မဟုတ်လား "

ဟွားဟွားက ခုတင်ထက်တွင် ယခု အချိန်အထိသတိမရသေးသည့် အင်ပါယာအား ကြည့်ကာမေးလိုက်သည်။ အင်ပါယာသည် ဝမ်မေ့နှင့် နှစ်ကိုယ်တူ သဟဇာတဖြစ်ခြင်းကို ရှစ်ဆယ့်တစ်ကြိမ် တိုင်တိုင် ပြီးမြောက်ပြီး နောက်တွင် ယခု ကဲ့သို့ ဖြစ်သွားခဲ့ခြင်းပင်။ သူ၏ ခန္ဓာကိုယ်တွင်အသားများ ကင်းမဲ့နေဟန်ရှိပြီး ကျောရိုးမကြီးနှင့် အခြားသော အရိုးများက အပြင်သို့ ငေါထွက်နေသည်။

ထိုပုံစံက သေခါနီး လူတစ်ယောက်နှင့် မခြားရှိ၍ နေသည်။ သို့ပေမဲ့လည်း အသက် ငွေ့ငွေ့ကလေး ရှူရှိုက်နေသေးသည့် အတွက် သူက မသေသေးကြောင်း သေချာလေ၏။

ကျုံးရှီက နောက်ဆုံးတွင် သက်ပြင်း ချလိုက်ပြီး သူ၏ ဆေးသေတ္တာကို ပိတ်လိုက်သည်။ ဟွားဟွားက ကျုံးရှီ၏ မျက်နှာကို သေသေ ချာချာ ကြည့်၍နေရာ ကျုံးရှီက...

" မြင်မြတ်တဲ့ အရှင်က အားအင် ပြတ်လပ်သွားတာပါ၊ သူက ငါးရက်တိတိ ဆန္ဒတစ်ခုကိုအကြိမ် တစ်ရာနီးပါး ပြီးမြောက်ခဲ့တာကြောင့်လည်း အခုလိုဖြစ်သွားတာပါ၊ ပြီးတော့... ကြင်ယာတော် ဝမ်ရဲ့ ယင်ဓာတ်ကလည်း အရမ်းကိုသန့်စင်တာကြောင့် မြင်မြတ်တဲ့ အရှင်ရဲ့ ယန်ဓာတ်ဟာ ကုန်ခမ်းလုနီးပါးကို စုပ်ယူ ခံခဲ့ရတယ်၊ ဒါကြောင့် အရှင်က သာမန်အတိုင်း ပြန်ဖြစ်ဖို့အတွက် ဆိုရင် ခြောက်လကနေ တစ်နှစ်အထိ အချိန်ယူရလိမ့်မယ် ထင်တယ် "

The Resurrected Emperor (Complete - Bl)Where stories live. Discover now