Vol ; 2 Chapter (55)

1.1K 68 1
                                    

(Unicode)

Chapter - 55

ဝမ်ကျောက်ယွီ၏ အဖော်မဲ့ အထီးကျန်ဆန်သော ခန္ဓာကိုယ်က သူမုန်းတီးသော မိုးကောင်းကင်ကို မျက်နှာမူလျက် ငြိမ်သက် တိတ်ဆိတ်လျက် ရှိသည်။ ယခုသူက ပြန်မလာနိုင်တော့မည့် လမ်းကို ရွေးချယ်သွားပြီ ဖြစ်၏။ နောက်ဆုံးအချိန်အထိ တိုင်အောင် သူ၏ မျက်နှာထက်၌ အငြိုးအတေးကြီးစွာသော အာဃာတ, တရားတို့နှင့် ပြည့်နက်နေဆဲပင်။

ရှီးမာအင်ပါယာ၏ စစ်တပ်များက သူတို့၏ ရှီးမာအင်ပါယာ ရှီးမာရှန်လောင် သေဆုံးသွားလေသည့်အခါ ဆောက်တည်ရာမရ ဖြစ်သွားကြသည်။ ယခု သူတို့က မည်သို့ဆက်လုပ်ရပါမည်နည်း။ ဆက်တိုက်ခိုက်ရမည်လား။ ထို့သို့ဆိုလျှင်တောင် အဓိပ္ပါယ်ရှိသော တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်။

ဦးဆောင်သူမရှိ၊ ရည်ရွယ်ချက်မရှိသည့် တိုက်ပွဲတစ်ခုက အဓိပ္ပါယ်မဲ့သော တိုက်ပွဲတစ်ခုသာလျှင် ဖြစ်သည်။ သူတို့က ရှင်သန်ရေးအတွက် လက်နက်ချရမည်လား။ သို့သော် ထိုသို့ကား မဖြစ်။ တိုက်ပွဲတစ်ခုတွင် တပ်ဆုတ်ခြင်း၊ ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်ခြင်းက ခေါင်းဆောင်၏ အမိန့်တစ်ခုအောက်၌သာ ဖြစ်တည်ခြင်း ဖြစ်သည်။

ယခု တိုက်ပွဲတွင် ခေါင်းဆောင်က ကျဆုံးသွားပြီဖြစ်လေရာ သူတို့ကို အမိန့်ပေးနိုင်ခြင်းကား မရှိချေ။ သည်အတိုင်းဆိုပါက သူတို့အားလုံးက အဓိပ္ပါယ်မဲ့သော တိုက်ပွဲတွင် အဓိပ္ပါယ်မဲ့စွာ အသက်များကို အဆုံးရှူံး ခံရရုံသာရှိ၏။ ယခု သူတို့အားလုံး၏ ရင်ထဲ၌ရှိသော တစ်ခုတည်းသော ဆန္ဒက ဤတိုက်ပွဲတွင် ခေါင်းဆောင်တစ်ယောက် ထွက်ပေါ်လာပြီး သူတို့အား တပ်ဆုတ်ရန် အမိန့်ပေးဖို့ အတွက်ပင်။

" ကျုပ်တို့ ရှီးမာအင်ပါယာသားတွေက မင်အင်ပါယာရဲ့ လက်အောက်မှာ အပြည့်အဝ အညံ့ခံလိုပါတယ်၊ နောက်နောင် မင်အင်ပါယာရဲ့အမိန့်ကိုလိုက်ပြီး သေလိုကသေစေ၊ ရှင်လိုကရှင်စေ လိုက်ပါဖို့အတွက် သစ္စာပြုကြောင်း မိုကောင်း ကင်ကို တိုင်တည်ကျိန်ဆိုပါတယ်၊ မြင့်မြတ်လှစွာသော အရှင် ဒီလူတွေရဲ့ သေးတိမ်သော အသက်တွေကို ထောက်ထားညှာတာပြီး အညံ့ခံမှုကို လက်ခံပေးတော်မူပါ "

The Resurrected Emperor (Complete - Bl)Where stories live. Discover now