Vol ; 1 Chapter (28)

1.1K 103 6
                                    

(Uni Code)

Chapter - 28

မင်အင်ပါယာ စတင် ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း (၆၀) ပြည့်ပြီဖြစ်သည်။ အင်ပါယာ၏ တည်ထောင်သူ အင်ပါယာ မင်ထျန်းလော့၏ သက်တမ်းမှာ နှစ် (၈၀) ပြည့်ပြီဖြစ်ပြီး သူက လူငယ် တစ်ယောက်မျှသာ ဖြစ်၏။ ယနေ့တွင်မင်အင်ပါယာ၏ တော်ဝင်မြို့တော် အတွင်း၌ အနီရောင် မီးပုံးများ၊ အနီရောင် ဆီစိမ်စက္ကူစများနှင့် ပြည့်နက်၍ နေသည်။ မြို့တော်အတွင်းရှိ အရိပ်ရသော သစ်ပင် ကြီးများတွင်လည်း အနီရောင် ပိုးဖဲစများက ဝဲလွင့်၍ နေရှာ၏။

အင်ပါယာ မင်္ဂလာပွဲ...။ ဟုတ်သည်။ ယနေ့သည် အင်ပါယာ၏ မင်္ဂလာပွဲ ကျင်းပရာနေ့ပင်ဖြစ်သည်။ ထို့အတွက်ကြောင့် မင်္ဂလာ အရောင်ဖြစ်သည့် အနီရောင်တို့က အင်ပါယာ မြို့တော်တစ်ဝိုက် နေရာ ယူထားကြခြင်းပင် ဖြစ်သည်။ အင်ပါယာ၏ မင်္ဂလာပွဲမတိုင်မီ တစ်ပတ်ခန့်အလိုကတည်းက အင်ပါယာ တော်ဝင်မြို့တော်အတွင်း၌ လူများပြည့်ကျပ်၍ နေသည်။

ကောင်းနိုင်ငံ၊ ရှီနိုင်ငံနှင့် ရှန့်နိုင်ငံတော် အတွင်းမှ တော်ဝင်ဘုရင်များက တော်ဝင်စစ်တပ်များဖြင့် အင်ပါယာ၏ မင်္ဂလာပွဲသို့ ချီတက်ကာလာရောက် ဂုဏ်ပြုကြသည်။ ထို့အပြင် အခြားသော နိုင်ငံငယ် များစွာသည်လည်း အင်ပါယာ၏ တော်ဝင်မင်္ဂလာပွဲသို့ တက်ရောက်ကြလေသည်။ ဤကဲ့သို့သော မင်အင်ပါယာ၏ နေ့ထူးနေ့မြတ်တွင် မည်သူက အိမ်ထဲ၌ ခိုကပ်၍ နေရဲပါလိမ့် မည်နည်း။

အင်ပါယာ၏ တော်ဝင် နန်းတော် ဝင်းအတွင်းမီတာ ထောင်နှင့်ချီသော အဆောက်အဦးကြီးတစ်ခုက နေရာယူထားသည်။ ထိုအဆောက်အဦးကြီးသည် လွန်ခဲ့သည့်သုံးလခန့် ကတည်းကစတင် တည်ဆောက်နေခြင်း ဖြစ်ပြီး ယနေ့တွင်ထိုအဆောက်အဦးက အင်ပါယာ၏ မင်္ဂလာမဏ္ဍပ် ဖြစ်၍လာသည်။

ဤမျှ အတိုင်းအတာအထိ ကျယ်ဝန်း လှစွာသော မဏ္ဍပ်ကြီး အတွင်း၌ လူများဖြင့် ကျပ်သိပ် ပြည့်နက်၍ နေသည်ဆိုပါက ယုံနိုင်ဖွယ် မရှိပေ။ သို့သော်လည်း ထိုအရာသည် အမှန်တရားတစ်ခုပင် ဖြစ်ကြောင်းကိုတော့ အားလုံးက မြင်ရုံဖြင့် သိနိုင်သည်။

မဏ္ဍပ်၏ အဝင်အဝတွင် မုန့်နှင့်ရွှယ်တို့က တောက်ပသော အဝတ်အစားကို ဝတ်ဆင်ထားပြီး ဧည့်ကြိုများ အဖြစ် တာဝန်ယူထားသည်။ ဝမ်ကျောက်ယွီသည် ဤအခမ်းအနားကို စီစဥ်ကျင်းပပေးရသည့် လူပင် ဖြစ်သည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now