Vol ; 1 Chapter (4)

3.9K 384 1
                                    

(Uni code)

Chapter - 4

တစ်ပတ်တိတိ သူက အင်ပါယာ စာကြည့်တိုက်ထဲမှ အပြင်သို့ ထွက်ခွာခြင်း မရှိဘဲ ဤခေတ်၏ သမိုင်းကြောင်းနှင့် အစဥ်အလာကို လေ့လာ၍ နေသည်။ ယခင် လျောင်ခေတ်သည် မင်အင်ပါထက် အားနည်းပြီး ကြီးစိုးမှုကင်းသည်။ လျှောင်ခေတ်၏ လျောင်မင်းကြီး ကျွင်းရှောင်သည် သက်တော်ကြီးရင့် လာသည့် အတွက် နိုင်ငံကို ကြပ်မတ်စွာ မထိန်းချုပ်နိုင်။ သားသမီး မထွန်းကားသည့်အတွက် မျိုးဆက် ပြတ်သကဲ့သို့ရှိ၏။

အင်ပါယာမင်သည် ထိုစဥ်က လျောင်တိုင်းပြည်၏ အစွန်အဖျား နိုင်ငံတစ်ခုမှ အရပ်သား တစ်ယောက်သာ ဖြစ်ပြီး ဧကရာဇ်နန်းတော်နှင့် ဆက်သွယ်မှုကင်းသည်။ သို့သော်လည်း လျောင်တိုင်းပြည်ကို တခြားတိုင်းပြည်တစ်ခုမှ ကျူးကျော်ဝင်ရောက်ပြီး နယ်စပ်နိုင်ငံလေး ဖြစ်သည့် သူတို့နိုင်ငံကို ဖျက်ဆီး သိမ်းပိုက်သွားသည့်အခါ သူက ဒေါသကြီးစွာ ဖြစ်မိသည်။

ထို့ကြောင့် နန်းတွင်း အထူးစစ်သည်အဖွဲ့သို့ ဝင်ခဲ့ပြီး တဖြည်းဖြည်း ဧကရာဇ်၏ ကိုယ်ရံတော်အဖြစ် အဆင့် မြင့်တက်လာခဲ့သည်။ သားသမီးမထွန်းကားသည့် လျောင်မင်းကြီးသည် အင်ပါယာမင်အား မြင်သည့်အခါ သားတော်အဖြစ် မွေးစားကာ အနာဂါတ် လျောင်တိုင်းပြည်၏ မင်းကြီးအဖြစ် ကြေညာခဲ့သည်။

မင်ထျန်းလော့သည် သူ့လက်ထဲသို့ အာဏာရလာသည့် အခါ စစ်တပ်ကို ချုပ်ကိုင်ပြီး ယခင်က ဗိုလ်ကျခဲ့သည့် တိုင်းပြည်များကို ကျူးကျော်ကာ သိမ်းပိုက်သည်။ ထို့နောက် သိမ်းပိုက်ထားသမျှ တိုင်းပြည်များတွင် ယာယီ အုပ်ချုပ်ခံ ဘုရင်များခန့်အပ်၍ သူက လျောင်ခေတ်ကို မင်အင်ပါယာအဖြစ် ပြောင်းလဲကာ အင်ပါယာမင်အ​ဖြစ် ဘွဲ့ခံယူခဲ့သည်။

သူ့အသက် ငါးဆယ်ကျော်တွင် လျောင်မင်းကြီး ကျွင်းရှောင် ကံတော်ကုန်ပြီး သူက အင်ပါယာမင်အဖြစ် အပြည့်အဝ ခံယူခဲ့သည်။ ထို့နောက်ပိုင်းတွင် နယ်စပ်တိုင်းပြည်များနှင့် နိုင်ငံငယ်ပေါင်း များစွာကို သိမ်းပိုက်ပြီးနောက်တွင်မှ သူက မင်အင်ပါယာကို တည်တံ့အောင် ကြိုးပမ်းခဲ့၏။

The Resurrected Emperor (Complete - Bl)Where stories live. Discover now